ပထမဆံုး_EP-31

1.3K 109 13
                                    

For Unicode
အပိုင်း-၃၁ (ပထမဆုံး)



ဘာလုပ်သင့်လဲ.. ဘာကိုရွေးချယ်ရမလဲ.. ဦးလေးပြောတဲ့အတိုင်းသာလက်ခံခဲ့ရင် တကယ်ပဲ ကျွန်တော်ကလွဲရင် အကုန်အေးချမ်းသွားမှာလား..။ ကံတရားရယ်က ကျွန်တော့်ကို မျက်နှာသာမပေးဘူး..။ သိပ်ရက်စက်လွန်းရာမကျဘူးလား..။ ကိုယ်ချစ်ရသူရဲ့ အဖေကိုမှ ဒီလိုကြီးနေ‌ပေးရမှာလား..။ ဒီကိစ္စကိုမောင်သိရင်ရော.. ဘာတွေဆက်ဖြစ်လာမလဲ.. ဘယ်သူ့ကိုမှမရွေးဘဲ ကိုယ်တစ်ယောက်တည်း ထွက်ပေါက်ရှာဖို့ကလည်းမဖြစ်နိုင်ဘူးလေ..။ ဖေဖေရှိသေးတယ်... မကုန်နိုင်တဲ့သံယောဇဉ်တွေကလည်း မောင့်အပေါ်မှာရှိနေသေးတယ်..။ မောင့်ကိုရွေးချယ်လိုက်လို့.. သူ့ဖေဖေသူတို့မိသားစုထွက်သွားရင်.. မောင်အရမ်းခံစားရနေမှာ.. ကျွန်တော်တို့ကိုလည်း ဒီတိုင်းထားမှာမဟုတ်ဘူးလေ..။

ကိုယ်အကြိမ်ကြိမ်အခါခါလေးစားရတဲ့သူက.. ဒီလိုပြောလာလိမ့်မယ်လို့.. အိပ်မက်ထဲတောင်မမက်ခဲ့ဖူးဘူး..။ ကိုယ်လေးစားရတဲ့သူက.. ဒီလိုဆိုလာတာကြောင့်.. ပိုခံပြင်းရတယ်။

တစ်ဦးတစ်ယောက် ကောင်းစားဖို့နဲ့.. ကိုယ်ချစ်ရတဲ့သူတွေကောင်းစားဖို့ ရွေးချယ်လာတဲ့အခါ.. ခင်ဗျားတို့ရော.. ဘာကိုရွေးချယ်မလဲ..။ ကျွန်တော်ကတော့ မောင့်ကိုဘယ်သူနဲ့မှမတူတဲ့အချစ်မျိုးနဲ့ချစ်ခဲ့မိလို့.. နောက်ပြီး ဖေဖေကိုလည်း စိတ်ဆင်းရဲတာမဖြစ်စေချင်လို့.. သူတို့နှစ်ဦးအတွက် ရွေးချယ်မယ်လို့ ဆုံးဖြတ်မိတယ်။

စိတ်ညစ်မှုအပေါင်းကြောင့် ယနေ့အလုပ်မသွားဖြစ်။ မောင့်ကိုလည်း အသိမပေးရဲ။ မေးမြန်းနေလျက် တစ်ခုခုရိပ်မိသွားမှာလည်းစိုးရိမ်မိတယ်။ ထိုသို့တွေဝေခြင်းပေါင်းများစွာနှင့် ထိုင်နေစဉ်...

“ ဘာဖြစ်လို့အလုပ်မသွားတာလဲမှူး ”

“ ဘယ်လိုလုပ်ရောက်လာတာလဲ..။ ကျွန်တော်အလုပ်မသွားတာကိုဘယ်လိုသိလဲ.. ”

“ ဦးလေး ပြောသွားတာ မနက်က.. ကျောင်းသွားခါနီး.. ခင်ဗျားလေးရဲ့ဖေဖေရောက်တယ်လေ.. ခင်ဗျားလေးနေမကောင်းဘူးဆိုတာပြောသွားတယ်.. အဲဒါကြောင့်ရောက်လာတာ.. ဒါတောင်မနက်တည်းလာမို့.. ကျောင်းမှာ Tutorial ရှိလို့သွားဖြေနေရသေးတယ် အဲဒါကြောင့်အခုမှရောက်လာတာ ”

Dear Loser [Zawgyi & Unicode] (Completed)Where stories live. Discover now