Meet With Crush

167 14 3
                                    

        "အား...... အမေ..သားကို.. ကယ်ပါ..”
        "တပည့်... အားတင်းထား.. ခဏလေး...ဆေးထည့်ပြီးရင်...သက်သာသွားလိမ့်မယ်...”

ပြတ်လုဖြစ်နေတဲ့ ခြေများက ဆေးထည့်တိုင်း သက်သာသွားမှာ မဟုတ်ပေမယ့်... သူအားတင်းကာ ပြောလိုက်ခြင်းဖြစ်သည်။ မိုင်းစမှန်၍ ခြေသလုံးတစ်ဝက်မှ အသားများစုတ်ဖွာနေပြီး မြင်မကောင်းအောင် ပျက်ဆီးနေချေပြီ။

နံဘေးမှ ဆေးဘရာသာငယ်လေးကလဲ ချွေးတစေးစေးကျရင်း ဒဏ်ရာရနေသော သူ့ရဲဘော်လေးအား ဆေးစည်းပေးနေသည်။ ပြန်ကောင်းလာရန်မသေချာသော အသားဆိုင်တချို့ကို ကပ်ကြေးနှင့်ကိုက်ဖြတ်ပေးရင်း သန့်ရှင်းရေးလုပ်ပေးနေရှာသည်။

ဘယ်လောက်စိတ်ငြိမ်သည်ဆိုအုံးတော့ ရဲဘော်လေး၏ နာကျင်ညည်းတွားသံနှင့် ရေကရားလွှတ်သလို ထွက်နေတဲ့ သွေးများကြောင့်.. ဆေးဘရာသာလေး လက်တို့က တုန်ရီနေပါသေးသည်။
(ဆေးဘရာသာ-ဆေးသူနာပြု)

မကြာမီမှာပဲ..... အားလုံးပြီးစီးသွားခဲ့ပြီး... အားလုံးကိုယ်စီ သက်ပြင်းချနိုင်ခဲ့လေသည်။

"သက်နွေ” ရဲဘော်လေး၏ သွေးများ.. စွန်းပေနေသည့် ကရိယာတန်ဆာပလာများကို ရေနွေးနှင့်ဆေးကြောသန့်စင်ပြီး အရက်ပျံသုတ်သန့်ရှင်းပြီး.. သိမ်းဆည်းထားလိုက်သည်။

"ကျေးဇူးကွာ..ညီ”
အနောက်ဘက်မှ ကြားလိုက်ရသည့် ကျေးဇူးတင်စကားတစ်ခွန်းကြောင့် သူခေါင်းငြိမ့်ပြရင်း...

"ရပါတယ်.. ကိုကြီး... ဒါကျွန်တော့တာဝန်ပါ...”
သူလှည့်မကြည့်ဘဲ ဆိုလိုက်မိသည်။ အကြောင်းအရင်းကား "ဗိုလ်ကြီး ထက်လွန်းနောင်” ကိုမျက်နှာချင်းဆိုင် မတွေ့လိုသောကြောင့်ပင်။

"ခဏ..ညီ.. ကိုယ်မင်းနဲ့ဆုံဘူးသလား...”
သက်နွေ.. ဆေးထုတ်များသိမ်းဆည်းနေရင်းမှ သူ့အမေးစကားကြောင့် ခတ္တမျှ ရပ်တန့်သွားပြီးနောက်..
"မဆုံဖူးကြဘူးထင်ပါတယ်..”
"အော်.....”
ထို့နောက် ထက်လွန်းနောင်..ဆေးဘရာသာလေးတဲမှ ထွက်ခဲ့လေတော့၏။
သက်နွေ..အတွေးထဲ၌.. လွန်ခဲ့သော အလယ်တန်းကျောင်းတက်ခဲ့သောအချိန်များဆီသို့.......။

...........

ကျွန်တော်မှာ အချစ်ဆုံးသူငယ်ချင်းတစ်ယောက် ရှိခဲ့တယ်...
သူ့နာမည်က ဧပရယ်တဲ့.. ချင်းမလေးတစ်ယောက်ဖြစ်ပြီး.. ခရစ်ယန်ဘာသာဝင်တစ်ယောက်ပါ..
အသားညိုညို.. ခပ်ပုပုသူငယ်ချင်းမလေးဟာ.. ကျွန်တော့်ရဲ့ မူလတန်းရွယ်ထဲက တစ်ဦးတည်းသော သူငယ်ချင်းမလေး တစ်ဦးဖြစ်ပါတယ်...
အခုဆို၈တန်းရောက်တဲ့အထိတောင် တတွဲတွဲနဲ့လေ..

Esthesia One Shot Collection (Part-3)Where stories live. Discover now