^^Unicode^^
တချို့သော အကြောင်းအရာတွေဟာ မသိဘဲနေရတာက ကိုယ့်အတွက် ပိုအဆင်ပြေပါတယ်...
သိလိုက်ရတဲ့အချိန်မှာတော့ ပြန်ပြင်လို့မရတော့တဲ့ အတိတ်ဆိုတာတွေနဲ့ နောင်တတွေသာ ကိုယ့်အတွက် ဖြစ်တည်နေခဲ့ပြီးပြီ...
သို့ပေမဲ့ လက်လျှော့လိုက်ဖို့တော့ ကိုယ်မတွေးမိဘူး ကိုယ့်အတွက် သူ့ကိုသာ စောင့်မျှော်ခြင်းက ကိုယ့်ဆန္ဒတစ်ခုဖြစ်ခဲ့ပြီ...
ဒီလိုစောင့်မျှော်စေခြင်းက သူကိုယ့်ကိုပေးတဲ့ အပြစ်ဒဏ်ဆိုရင်တောင် ကိုယ်မြတ်နိုးစွာ ခံယူနေပါတယ်...
အပြစ်တွေ ကျေပြတ်တဲ့တစ်နေ့တော့ သူကိုယ့်ရင်ခွင်ဆီ ပြန်ခိုနားစေဖို့ ကိုယ်နေ့တိုင်း ဆုတောင်းလျှက်ပေါ့...
>>>>> Hopefully <<<<<
"သားရေ အိမ်ရှေ့မှာ ယျယျရောက်နေတယ်"
"သား အိပ်နေတယ်လို့ ပြောပေးပါလား မေရယ်"
"ဟော သားရယ် ကလေးက သားကိုတွေ့ချင်လို့လာတာလေ... တစ်ခါတလေအိမ်ပြန်ရောက်တာကို ယျယျလည်း သူ့အစ်ကိုကို လွမ်းနေမှာပေါ့ "
"ဟုတ်ကဲ့ပါမေရယ် သားအခန်းထဲသာ လွှတ်လိုက်ပါတော့ သားမထချင်သေးဘူး"
"အေး အေး မေလွှတ်လိုက်မယ်နော်"
ယျယျဆိုတဲ့ ကလေးလေး အင်း ကိုယ်ကသာ ကလေးလေးလို့မြင်တာ သူကဖြင့် လူပျိုလုပ်နေပြီ ငယ်ငယ်ထဲက ခင်လာတာမို့ ယျယျသည် ဘယ်သူမေးမေး ကိုယ့်ညီအရင်း...
ကိုယ်ကတော့ အဝေးသင်နောက်ဆုံးနှစ်ပေါ့ ဖေ့ရဲ့အလုပ်မှာ ဝင်ကူရင်းနဲ့သင်ယူနေရတယ် တချိန်ကျရင် လွှဲယူဦးစီးရမယ်ဆိုတာ မေးခွန်းမလိုတဲ့ အဖြေတစ်ခု...
လွန်ခဲ့တဲ့တစ်နှစ်လောက်ထဲက မော်ကျွန်းက ရုံးခွဲမှာ သွားပြီးဦးစီးနေရတယ် နှစ်ဝက်လောက် ကြာပြီးမှ အိမ်ကိုပြန်ဖြစ်တယ်လေ အခုက ဒုတိယမြောက် အိမ်ပြန်လာဖြစ်ခြင်း...
"ကိုကိုရေ"
"အင်း ယျယျ ဝင်ခဲ့"
"ဟုတ် ကိုကို ကျွန်တော့်အတွက် ဘာလက်ဆောင်ပါလဲ"
YOU ARE READING
Esthesia One Shot Collection (Part-3)
RandomBl, Yaoi, Short Fictions, Both Unicode and Zawgyi