One Sided Love

86 12 0
                                    

Zawgyi

ငါကျေနပ်ပါတယ်ကွာ မင်းအတွက် အနစ်နာ ခံပေးနိုင်ခဲ့လို့......

ငါကျေနပ်ပါတယ်ကွာ ငါအသည်းကွဲလည်း မင်း သူမနဲ့ ပျော်ရွှင်နေလို့...

ငါ ဘယ်အခြေနေဘဲဖြစ်ဖြစ် မင်းကို ငါ အသက်သေသည်အထိ ချစ်သွားမာပါ စွယ်စုံ....

"ငါ နရီနဲ့ လက်ထပ်တော့မယ်" ကျွန်တော့ကို အပြုံးများဖြင့် ပြောနေသော သူ....

"ဒါဆို သူမိဘတေကလက်ခံ​လိုက်ပြီပေါ့" ကျွန်တော့နှလုံးသားထဲတွင် လောင်ကျွမ်းနေသော်လည်း ကျွန်တော် သူ့ကို ကျေနပ်သော အပြုံးလေးဖြင့်သာ ပြန်မေးမိသည်။

"အင်း ဟုတ်တယ်  မင်းကို ငါကျေးဇူးတင်တယ်ကွာ ငါ့ကိုအမြဲကူညီပြီး ငါ့ဘေးနားမာ ခုချိန်ထိ ရှိနေပေးလို့"

"ရပါတယ် အချင်းချင်းကျေးဇူးတင်ဖို့မလိုပါဘူး ငါက မင်းကို ငါသေသည်အထိ ကူညီပေးသွားမာပါ" ကျွန်တော် အေးစက်သောအပြုံးများဖြင့်ပြောလိုက်တော့ သူက မျက်မှောင်ကြုံ့လျက်....

"ဘာတွေပြောနေတာလဲ အက်လိုပြောတာတေ ငါမကြိုက်ဘူး"
"အင်းပါ ငါမပြောတော့ဘူး" ကျွန်တော်လည်း အသံတိမ်တိမ်ဖြင့်သာ ပြန်လည်ပြောလိုက်ပြီးနောက် ကျွန်တော့ရှေ့တွင် ချထားသော ကော်ဖီခွက်လေးကို မော့သောက်လိုက်မိသည်။

ကျွန်တော့ရင်ထဲတွင် ဖြစ်သွားသော ပေါက်ကွဲသံများကို ဘေးနားတွင် ရှိနေကြသော စွယ်စုံ အပြင် ကော်ဖီဆိုင်တွင်းမှ သူများလည်း သိကြမည်မဟုတ်ပါ.........

စွယ်စုံ.........ငါမင်းကို ချစ်တာထက် ပိုတယ်တယ်ဆိုတာ မင်း ဘယ်တော့မှ သိမှမဟုတ်ပါဘူး။

လွန်ခဲ့သော ၅နှစ်ခန့်

"သူငယ်ချင်းလေးရာ င့ကို ကူညီပါကွာနော် ငါ တကယ်အရေးကြီးလို့ပါ" ခုံတန်းပေါ်တွင် စာဖတ်နေသော ကျွန်တော့်ကို ရည်းစားစာတစောင် ထိုးပေး၍ ကပ်ချွဲပြီးပြောနေသော စွယ်စုံ.....

"မင်းကွာ မင်းမာ သိမ့်တစ်ယောက်လုံးလည်းရှိနေတာကို ဘာလုမ်မာလဲ ပေးချင်လည်းမင်းဘာသာ့ပေး"ကျွန်တော် ငြင်းတော့သူက ကျွန်တော့လက်မောင်းကို ကိုင်လျက် ထပ်ပြောနေသည်။
"မနက်ဖြန် ငါ သိမ့်နဲ့ တပတ်ပြည့်မို့ ဘုရားသွားမယ်လို့ပြောထားလို့ပါ ပြီးတော့ မနက်ဖြန်က မိုးလေးရဲ့ မွေးနေ့လေ အက်တော့ သူ့ကို စာလေးလည်းပေးရင်း နှင်းဆီပန်းလက်ဆောင်လည်း surpriseအနေနဲ့ ပေးချင်လို့ပါ"

Esthesia One Shot Collection (Part-3)Where stories live. Discover now