အမြဲချစ်မယ့် လက်တွဲဖော် -1

31 5 0
                                    

Unicode

ခေါင်းလောက်သံတွေဆူညံနေတဲ့ ခရစ်ကျောင်းတော်အတွင်း၌ လူအများစုဝေးနေသည်။ ခေါင်းလောင်းသံရပ်သွားသည်နှင့် အပြင်တံခါးမကြီးဖွင့်ကာ သတိုးသားလို့ ထင်ရပေမဲ့လည်း အဖြူဝတ်စုံလေးနဲ့ ပန်းစည်းလေးကို ကိုင်ကာဝမ်းနည်းနေသော မျက်နှာလေးနှင့် ရှက်ယောင်သန်းကာ ဘုန်းတော်ကြီးရှေ့တွင် ရပ်နေသော အနောက်တိုင်းဝတ်စုံဝတ်ရင်း စောင့်နေသော
သတို့သားထံသို့ လျှောက်သွားလေသည်။

အနားသို့ရောက်သော် အမဲရောင်ဝတ်ထားသော သတို့သားက

"ပြုံးပြုံးလေးနေလေ...ဝန်းရံခ.. ဒီနေ့က ငါတို့ရဲ့လက်ထပ်တဲ့နေ့..အသုဘမဟုတ်ဘူး..."

"တောင်းပန်ပါတယ်...ခွန်းဆက်သွင်..."

"တော်တယ်...တတ်နိုင်သမျှ ပျော်ရွှင်အောင်နေ.. မင်းရဲ့ ညီမကိုဒုက္ခမရောက်စေချင်ရင်..."

"ဟုတ်..သိပါတယ်...မင်းခိုင်းသမျှလုပ်မှာမို့လို့ ငါ့ညီမကိုသာ မထိနဲ့..."

"မင်းဂတိသာ မင်းတည်စမ်းပါ..."

ခွန်းဆက်သွင်နဲ့ဝန်းရံခသည် စကားနဲ့တိုက်ခိုက်ပြီးနောက် လက်ထပ်ပွဲဆက်လေသည်။ လက်ထပ်ပွဲပြီးနောက် ဟန်းနီးမွန်းထွက်ရန် ပြင်ဆင်ချိန်တွင် ဝန်းရံခရဲ့မိဘများက မကြည်သောအကြည့်ဖြင့်ကြည့်ကာ နှုတ်ဆက်ရန်မလာဘဲ ဧည့်သည်များအနောက်၌သာရပ်နေ၍ ကြည့်နေသည်။

ဝန်းရံခသည် ဝမ်းနည်မှုများစွာဖြင့် ကားထဲဝင်ပြီးထိုင်နေလေသည်။ မိဘတွေရဲ့မျက်နှာသာပေးမှုကိုမခံရဘဲ အမုန်းကိုသာလက်ခံနေရသော ဝန်းရံခ ခမျာ မငိုရအောင်ထိန်းထားရပေမဲ့လည်း မျက်ရည်များပေါက်ပေါက်ပေါက် ကျလာလေသည်။

ဧည့်သည်များနဲ့ မိဘတွေကိုနှုတ်ဆက်ပြီး ကားထဲဝင်လာ ခွန်းဆင်သွင်သည် ငိုနေသောဝန်းရံခအား

"ဘာလို့ငိုနေတာလဲ..."

"........"

ဝန်းရံသည် ဘာမှမဖြေဘဲ မျက်ရည်များသုတ်ရင်းကားရဲ့အပြင်ဘက်သာ လက်လေးထောင့်ပြီးကြည့်နေ၏။ ခွန်းဆက်သွင်က

"မင်း....မင်းညီမကိုထွက်ပြေးဖို့ ကူညီလိုက်တယ်မဟုတ်လား..."

Esthesia One Shot Collection (Part-3)Where stories live. Discover now