အမြဲချစ်မယ့် လက်တွဲဖော် -2

33 4 0
                                    

Unicode

ဝန်းရံခထွက်သွားပြီး နာရီဝက်အကြာတွင် ခွန်းဆက်သွင်လည်းနိုးလာလေသည်။ အေးမြသောမနက်ခင်းလေးတွင် ချစ်ရသူနဲ့အတူနိုးထရန် အိပ်ယာဘေး၌ ဝန်းရံခများရှိမလားလို့ လက်ဖြင့် လိုက်စမ်းလေသည်။

ဝန်းရံခကိုမစမ်းမိဘဲ အေးစက်တဲ့ အခင်းပြင်ကိုသာစမ်းမိလေရာ

"အယ်...သူအစောကြီးဘယ်ရောက်သွားတာလဲ...မဟုတ်မှ မနက်စာပြင်နေလို့များလား..."

မီးဖိုချောင်ထဲမှာများရှိနေမလားဆိုတဲ့ အသိစိတ်နဲ့ မီးဖိုချောင်ထဲဝင်သွားခဲ့သည်။ ဝန်းရံခမရှိပေ။ ခွန်းဆက်သွင်သည် ဒေါသလည်းထွက် စိုးရိမ်စိတ်တွေများလာလေသည်။

"စိတ်အေးအေးထား...သူစျေးသွားတာနေမှာပါ...ခဏနေပြန်လာလိမ့်မယ်...ဟုတ်တယ်...ငါတို့အလည်သွားထားတာ ရေခဲသေတ္တာထဲမှာ ဘာမှမရှိဘူးလေ.. အာ့ကြောင့် သူသွားထွက်တာနေမှာပါ..."

ခွန်းဆက်သွင်သည် ဂနာမငြိမ်ဖြစ်လာပြီး စိတ်တွေမွန်းကြပ်လာလေသည်။ သူ့စိတ်သူပြန်ထိန်းပြီး ဧည့်ခန်းထဲရှိ ဆိုဖာပေါ်၌ထိုင်ချလိုက်သည်။ ထို့နောက် နာရီကိုသာတစ်စိမ့်စိမ့်ကြည့်နေပြီး ဝန်းရံခများပြန်ရောက်လာချိန်ကိုသာ စောင့်နေသည်။

တစ်နေကုန်ပြီး ညနေရောက်သွားတဲ့ထိအောင် ဝန်းရံခရဲ့အရိပ်အယောင်တောင် မတွေ့သည်နှင့် သူတို့အိပ်ခန်းကဗီရိုကို အားကြီးနဲ့တွန်းဖွင့်လိုက်ရာ ဝန်းရံခ၏အင်္ကျီတွေ တစ်ထည်မှမတွေ့တော့။

ထိုအခါ ဝန်းရံခသည်ရှော့ရသွားပြီး
ဖုန်းကောက်ကိုင်ကာ သူ၏လက်ထောက်ကိုဖုန်းဆက်ခေါ်လေတော့သည်။

"ဝန်း...ဝန်းရံခ....ဝန်းရံခကိုရှာ...အခုချက်ချင်း...
ရှာ...တွေ့အောင်ရှာ...."

တုန်ယင်နေသောအသံဖြင့် အမိန့်ပေးပြီး

"မင်း...ငါနဲ့တူတူပုန်းတမ်းကစားမလို့လား...ငါ..ငါ..မင်းကို...အနိုင်ကျင့်ခဲ့လို့ မင်းစိတ်ဆိုးနေမယ်ဆိုတာသိပါတယ်..ဒါကြောင့် မင်းက ကစားမလို့လား...စိတ်မပူပါနဲ့...ငါမင်းကိုတွေ့အောင် ရှာမှာပါ...ရှာလို့တွေ့ရင် ငါ့အနားမှာဘဲ အမြဲနေနေရမယ်နော်...ဝန်းရံခ.."

Esthesia One Shot Collection (Part-3)Where stories live. Discover now