Zawgyi
"အင်း…ပြန်မရနိုင်တော့တဲ့အရာတွေလား? မမှတ်မိတော့ဘူး……"
သုတတွေးမိသည်။ ဒီနှစ်နှစ်အတွင်း မှတ်ဥာဏ်များမှလွဲ၍ တခြားဘာကိုမှ သူမမှတ်မိတော့။
သို့သော် သူ့ရှေ့တွင်ရပ်နေသောလူသားကတော့ တက်ကြွမှုအပြည့်နှင့်ပြန်ဖြေလာလေသည်။
"ရပါတယ်။ မမှတ်မိတော့လည်း ပြန်တွေးမနေပါနဲ့။ ဒီကိုပြန်လာတယ်ဆိုကတည်းက ကိုယ်ဝမ်းသာရမှာပေါ့။"
ထိုလူသည် ခပ်မြန်မြန်ထလိုက်ကာ မီးဖိုချောင်ထဲသို့ဝင်သွားလေသည်။
"ခင်ဗျားက…ဘယ်သူလဲ?"
သူမေးလိုက်မိတော့ ထိုလူသည် မီးဖိုချောင်ထဲဝင်ခါနီးမှ ပြန်လှည့်ကြည့်လာလေသည်။ ထို့နောက် နှစ်လိုဖွယ်အပြုံးတစ်ခုကိုပြုံးကာ ပြန်ဖြေလာလေသည်။
"နေပိုင်ပါ…"
ထိုအပြုံးကြောင့် သုတရင်ခုန်သံတို့မြန်သွားရလေသည်။ ထိုအပြုံးတို့ကိုအရင်ကတည်းက ရင်းနှီးနေခဲ့သလိုမျိုးသူခံစားရသည်။
ကားအက်စီးဒင့်တစ်ခုကြောင့် သူ့မှတ်ဥာဏ်တို့ ပျောက်ဆုံးသွားခဲ့ပြီးနောက် ထိုမှတ်ဥာဏ်တို့ကို ပြန်ရှာဖွရန်အလို့ငှာ သူအရင်နေခဲ့သည်ဟု သတင်းရသော ဤအိမ်ကြီးသို့ သူရောက်လာခဲ့တာဖြစ်လေသည်။
လွန်ခဲ့သောသုံးနာရီက-
သုတသည် ထိုအိမ်ကြီးရှေ့တွင် ကားကိုရပ်တန့်လိုက်လေသည်။
…ငါအရင်ကဒီအိမ်မှာနေခဲ့တာဆိုပဲ…
အမှန်တော့ ထိုစကားကိုအစ်မဖြစ်သူထံမှ သူကြားခဲ့ရတာဖြစ်လေသည်။ နှစ်နှစ်လုံး သူ့မိဘများထံမှ ထိုအကြောင်းကိုသူဘာဆိုဘာမျှမသိခဲ့ရ။ ဒီအိမ်ကြီးတွင်သူသိချင်နေသောတစ်ခုခုရှိနေလိမ့်မည်ဟုသူမျှော်လင့်ထားလေသည်။
သို့သော် ခြံဝန်းတံခါးကိုအသာဖွင့်လိုက်တော့ ခြံထဲတွင်ပန်းပင်များကိုရေလောင်းနေသော လူတစ်ယောက်ကိုတွေ့လိုက်ရလေသည်။ ထိုလူသည်လည်း တံခါးဖွင့်သံကြောင့် လှည့်ကြည့်လာလေသည်။ သုတအားနာသွားမိသည်။
ŞİMDİ OKUDUĞUN
Esthesia One Shot Collection (Part-3)
RastgeleBl, Yaoi, Short Fictions, Both Unicode and Zawgyi