Promise to you

52 8 0
                                    

မြူခိုးများ အုံ့မှိုင်းနေသော မိုးကောင်းကင်ကြီးအောက်တွင် ပတ်ဝန်းကျင်မှ အခြားသောတောင်များထက် ပို၍မြင့်မားပြီး.. ကောင်းကင်နှင့်ထိလုမတတ် မတ်စောက်မြင့်မားသော တောင်ကြီးတစ်လုံးရှိလေသည်။ ထိုတောင်ထီးထီးကြီးပေါ်တွင် ထင်းရှူးပင်ဝိုင်းဝိုင်းကြီး တစ်ပင်တည်းရှိနေပြီး တောင်ပတ်လည်မှာ မြူခိုးများပတ်ဝိုင်းထားသောကြောင့် တောင်အခြေ၏အဆုံးကို မမြင်တွေ့ရပါချေ။

ထိုတောင်ထိပ်ပေါ်ရှိ သစ်ပင်အောက်တွင် အနီရဲရဲ မင်္ဂလာဝတ်ရုံကို ဝတ်ဆင်ထားသည့် တစ်ယောက်သောသူက အချိန်အတော်ကြာ ရပ်နေပြီး.. သူ့မျက်ဝန်းများက နီရဲမို့အစ်နေကြသည်။ သူရပ်ကြည့်နေသည်က ထင်းရှူးပင်ကိုင်းတွင်... ယီးလေးခို၍နေသော အသက်မဲ့ခန္ဓာတစ်ခု... ထိုသူသည်လည်း.. အနီရောင် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားလေသည်။

ရပ်ကြည့်နေသူက ရီဝေသောအကြည့်များဖြင့် ကြည့်ပြီး.....
                 "ဘာလို့... အစောကြီးသွားနှင့်တာလဲ”
ဟုဆွေးမြေ့စွာ ဆိုလိုက်လေသည်။

ပြီးနောက် တောင်၏အငူစွန်းတွင်ရပ်တန့်လိုက်ပြီး ဟိုအဝေးသို့ ငေးမောကြည့်နေပြန်သည်။ တဖြူးဖြူးတိုက်နေသော လေအေးများက သူ့အဝတ်အစားများနှင့် ဆံနွယ်ရှည်များအား တဖျပ်ဖျပ်နှင့်ပွတ်တိုက်ကျီစယ်နေကြ၍ လေထဲလူးလွင့်နေကြလေသည်။

သူ့မျက်ဝန်းထောင့်မှ ပူနွေးစိုစွတ်သော မျက်ရည်စီးကြောင်းများ.. စီးကျလာပြီး သူ့ရင်ကိုဖိကာ နင့်နင့်သီးသီးငိုရှိုလိုက်ပြန်လေသည်။ အတန်ကြာပြီးနောက် ထင်းရှူးပင်ဘက်ကိုငဲ့ကြည့်ရင်း.. သူ့နှုတ်ခမ်းဖျားတို့က ပြုံးယောင်သမ်းလာပြီး....
             "မင်းကိုပေးတဲ့ကတိကိုငါအမြဲတည်ပါမယ်..ငါ့ကိုစောင့်နေပါ....”
ဟုဆိုလိုက်ရင်း... လက်နှစ်ဖက်ကိုဆန့်တန်းလိုက်ကာ တောင်အစွန်းမှ အဆုံးမမြင်ရသော တောင်အောက်သို့ ခုန်ချလိုက်လေတော့သည်။

...........................

            "အား........”
တလှပ်လှပ်ခုန်နေသော ရင်အစုံကိုဖိရင်း.. ချွေးသီးချွေးပေါက်များနှင့် သူအိပ်ရာမှ နိုးထလာခဲ့သည်။ စူးအောင့်တင်းကြပ်သော ဘယ်ဘတ်ရင်အုံမှဝေဒနာကြောင့် သူအသက်ကိုဖြည်းဖြည်းချင်းရှိုက် သွင်းလိုက်ရသည်။

Esthesia One Shot Collection (Part-3)Where stories live. Discover now