One sided love is not love,It's torture .

5.1K 268 8
                                    

Zawgyi
တဖက်သတ်အချစ်က အချစ်မဟုတ်ဘူး။ ဒါဟာပြစ်ဒဏ်တစ်ခုဘဲတဲ့။


သူမထိုယောက်ျားကို ဘယ်တုန်းက စတင်သဘောကျသွားခဲ့တာလဲ။ တိကျသေချာတဲ့တစ်ခုကတော့ ထိုယော က်ျားအကြောင်းသေချာသိပြီးတဲ့နောက်မှာဖြစ်မယ်။


ဘ၀ကိုကြိုးစားရုန်းကန်တတ်တဲ့ယောက်ျား၊ ကြိုးစားလိုစိတ်ကြောင့်တောက်ပနေတတ်တဲ့မျက်ဝန်း။ ကျောင်းရဲ့ Hall ခန်းမမှာဆို ထိုယောက်ျားရဲ့ပုံက ခန့်ညားစွာနေရာယူထားတယ် လူရည်ချွန်ဆိုတဲ့ခေါင်းစဉ်အောက်မှာပေါ့။ ဒီကျောင်းကအောင်ပြီး ဒီကျောင်းမှာငယ်ငယ်လေးနဲ့အချိန်ပိုင်းနည်းပြအဖြစ်ပြန်လုပ်နေတဲ့ယောက်ျား။ စီးပွားရေး တစ်ခုစလုပ်ဖို့ ကြိုးစားချင်နေတဲ့ မာနတစ်ခုနဲ့ယောက်ျား၊ စည်းစနစ်ရှိတဲ့ယောက်ျား၊ တိကျပြတ်သားတဲ့ ယောက်ျား။ သူမထက်ဆယ်နှစ်ကျော်အသက်ကြီးတဲ့ထိုယောကျာ်း။


ထိုယောက်ျားကို စတင်သဘောကျချိန်မှာ သူမရဲ့ရည်မှန်းချက်က ထိုယောက်ျားဖြစ်လာခဲ့တယ်။ ဘာမဆို သူ့နောက်လိုက်နိုင်အောင်ကြိုးစားမယ်။ ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုချပြီးရင်နောက်မတွန့်တတ်တာ သူမအကျင့်မို့ အထက်တန်းပြီးချိန်မှာ သူမ ထိုယောက်ျားတတ်ခဲ့တဲ့ စီးပွားရေးနဲ့ စီမံခန့်ခွဲမှုတက္ကသိုလ်ကို သူမရွေးချယ်ခဲ့တယ်။


ပျော်တယ်။ ဘ၀မှာ ဘာပြီးဘာလုပ်ရမယ်ဆိုတဲ့ လမ်းပြတစ်ယောက်ရှိလို့ပျော်တယ်။ သဘောကျတယ်။ ဒီကျောင်းမှာ ထိုယောက်ျားတတ်ခဲ့တယ်ဆိုတဲ့အတွေးနဲ့တင်။ ထိုယောက်ျားရဲ့ အတိတ် ပစ္စုပ္ပာန်အကုန်သိနိုင် အောင်ကြိုးစားတယ်။ တတိယနှစ်ကျောင်းက အလုပ်သင်လွှတ်ချိန်မှာ ထိုယောကျာ်းရှိတဲ့ ကုမ္ပဏီကို သူမလျှောက်ခဲ့တယ်။


ဒီလိုနဲ့ ဆရာဟာ အထက်လူကြီးဖြစ်လာပြန်တယ်။


ဒုတိယအကြိမ်မြောက်ရှည်ကြာစွာတွေ့ဆုံခြင်းဘဲ။ (၃)လတာကုန်ဆုံးလို့ နောက်ဆုံးအကြိမ်နှုတ်ဆက်ချိန်မှာ သူမ သေသေချာချာစကားတစ်ခွန်းကိုပြောခဲ့တယ်။


"နောက်တစ်နှစ်ကျော်ကြာရင် တတိယအကြိမ် ရှည်ကြာစွာတွေ့ဆုံမှုဖြစ်အောင် လုပ်မယ်။ အဲ့အချိန်ကျရင် ဘယ်သောအခါမှကျောမခိုင်းသွားတော့ဘူး"လို့.

One sided love is not loveWhere stories live. Discover now