One sided love......Haha.....go away.....

2K 207 0
                                    

Zawgyi

တဖက်သတ်အချစ်တဲ့။ သွားစမ်းပါ။ သူမပြန်ရောက်ပြီးနောက်ပိုင်းမှာ နာမည်ကြီးဟိုတယ်တစ်ခုမှာ Event ပိုင်းနဲ့ပတ်သတ်ပြီးအလုပ်ရခဲ့တယ်။ သူမရဲ့အထက်လူကြီးက လပိုင်းအတွင်း အလုပ်ထွက်မှာဖြစ်တာကြောင့် သူမကို အလုပ်လွှဲပေးနေခဲ့တယ်။

အထက်လူကြီးရဲ့အပေါ်မှာ သူမသိတဲ့ General Manager တစ်ယောက်ရှိခဲ့တယ်။ သူမတို့ business management တတ်တုန်းက သူမထက်တစ်နှစ်ကြီးတဲ့စီနီယာတစ်ယောက်ဖြစ်ပြီး တိကျသေချာလွန်းတဲ့အလုပ်ရူးသမားအဖြစ်သူမသိထားခဲ့ဖူးတယ်။ သေချာပေါက် သူမကိုအလုပ်ခန့်တာ ထိုစီနီယာမဟုတ်လောက်တာတော့အသေအချာပါဘဲ။

"Schedules ကို email ပို့ထားတယ် ဂရေ့စ်...Contact person တွေလဲပါတယ်"

သူမတစ်ချက်စစ်ကြည့်လိုက်တာနဲ့တင် တိကျသေချာစွာလုပ်ထားမှန်းသိသာလွန်းတဲ့ထိုအမျိုးသမီးကို တစ်ချက်လှမ်းကြည့်မိခဲ့တယ်။

Initial proposal တွေ event theme. Promotional ကိစ္စ Loyal customer contact ဘယ်အချိန်ဆို ဘယ်ကုမ္ပဏီနဲ့ချိတ်ဆက်ဖို့ VVIP List ပြီးတော့ အကြိုက်တွေကအစ သေချာပြုလုပ်ထားတဲ့ Powerpoint, Excel, တွေ။

တစ်လအတောအတွင်းသူမသေချာလေ့လာခဲ့ရပြီး နောက်ဆုံးရက်မှာ ထိုအမျိုးသမီးက သူမကိုပြုံးပြရင်း တစ်ချက်ဆိုလာတယ်။

"ဂရေ့စ်.... အမသိတာအကုန်တော့ မင်းကိုပြောခဲ့ လွှဲခဲ့ပြီးသားပါ။ တစ်လအတွင်းမှာ ပွဲ ၅ခုလောက်လဲ တူတူလုပ်လာတာမို့ မင်းလဲ အတော်သိပြီလို့အမမှတ်ယူတယ်။ တစ်ခုခု အဆင်မပြေတာရှိရင် မင်း အမကိုဖုန်းဆက်လို့ရသလို GM ကိုလဲ မေးလို့ရတယ်။ တစ်ခုဘဲ GM ကိုတင်ပြစရာတွေရှိရင် သေသေသပ်သပ်နဲ့ စည်းစနစ်တကျရှိဖို့ဘဲလိုတယ်။ အဆင်ပြေပါစေ"

ထိုညနေမှာ သူမ သက်ပြင်းမောချမိခဲ့တယ်။ တစ်လ ထိုအမျိုးသမီးနဲ့တွဲလုပ်ခဲ့ရတဲ့ တစ်လဟာ သိပ်ကိုပင်ပန်းခဲ့တာမို့ ဒီထက်ပင်ပန်းစရာလဲမရှိဘူးလို့သူမထင်ခဲ့မိတယ်။ စည်းစနစ်ကျပြီးဇီဇာကြောက်တဲ့အထိုအမျိုးသမီးကြောင့် သူမ အားလပ်ချိန်တွေမရှိခဲ့ဘူး။ ရုံးဆင်းလို့အိမ်ရောက်ရင် တန်းအိပ်ပျော်သွားတာကြောင့် သူမ ဘာမှတွေးချိန်မရခဲ့ဘူး။

One sided love is not loveWhere stories live. Discover now