One sided love is not love, it's just a memory that sometimes appear.

2K 213 2
                                    

Unicode

"ဂရေ့စ် GM ခေါ်နေတယ်"

သူမသက်ပြင်းတစ်ချက်ချပြီး ရင်ကိုတစ်ချက်ဖိကာ GM အခန်းကို ဦးတည်လိုက်မိတယ်။စည်းစနစ်အရှိဆုံးကို ​ဒေါ်ခက်နွယ် ဆိုတဲ့အမျိုးသမီးလို့ထင်ခဲ့တာ သူမရဲ့အကြီးမားဆုံးမှားယွင်းမှုဘဲ။

တံခါးခပ်ဖွဖွခေါက်ပြီး အခန်းထဲကိုတစ်ချက်ကြည့်လိုက်တော့ ခေါင်းတောင်မဖော်ဘဲ ဝင်လာခဲ့ဆိုတဲ့လက်ဟန်တစ်ခုကိုမြင်လိုက်ရတယ်။

"မင်းတင်ထားတဲ့ file ကိုကြည့်ပါဦး ဘာမှမပြည့်မစုံနဲ့တင်ရအောင် မင်းကို ခက်က အာ့လိုသင်ပေးခဲ့တာလား"

လေသံခပ်ပျော့ပျော့မှာ အေးစက်မှုတွေကရောယှက်နေတယ်။

"ဘာများထပ်ထည့်ပေးစေချင်လဲ ကျွန်မထပ်ထည့်ပေးပါ့မယ်"

သူမဒီပွဲအတွက်တင်ပြနေတာ အကြိမ်ကြိမ်ရှိနေခဲ့ပြီ ဒါပေမဲ့ အေးစက်စက်ပြောဆိုသံနဲ့ မပြည့်မစုံမှုတွေကိုအကြိမ်ကြိမ်ထောက်ပြနေတဲ့ GM ကြောင့် သူမစိတ်ရှူတ်လာခဲ့တယ်။ အရင် ဟိုအမျိုးသမီးလက်ထက်က ၃ ခါလောက်ပြင်ရရင်ဘဲ အဆင်ပြေနေပြီဖြစ်ပေမဲ့ သူမ ဒီဟာကိုပြင်နေတာ ၄ရက်ရှိနေခဲ့ပြီ။ proposal နဲ့ detail fact တွေအကြောင်း သူမသေချာစွာပြုလုပ်ထားပေမဲ့ စိတ်တိုင်းမကျနိုင်သော ထိုရေခဲတုံးကို သူမအတွင်းစိတ်က စိတ်တိုချင်လာပေမဲ့ အပြင်ပန်းဟန်လုပ်ပြုံးထားရတာလဲ ဘဝရဲ့ငရဲပါဘဲ။

ထိုရေခဲတုံးက ခေါင်းတစ်ချက်မော့လာကာ သူမကိုတစ်ချက်ကြည့်တယ်။ ပြီးတော့ စာရွက်ကိုတစ်ချက်လှန်လိုက်ရင်း

"Budget စာရင်းကိုတစ်ချက်ကြည့် detail ပြန်လုပ်ပေး ဘာအတွက်ဘယ်လောက်ကုန်ကျတယ်ဆိုတာရယ် ပစ္စည်းတွေကိုဘာအမျိုးအစားသုံးမယ်ဆိုတာရယ် အာ့လိုခွဲပေးလိုက်ရင် သူဘက်ဂျက်လျော့ချင်တဲ့အခါ ဘယ်ဟာလျော့မလဲ မဟုတ်လဲ ဘယ်အမျိုးအစားကိုသူမကြိုက်တာကြောင့်ပြောင်းလို့ရလဲသိလိမ့်မယ်...။
ပြီးတော့ ဒီကိုကြည့်.......
ပြီးတော့ ဒီမှာ..........
ဒီဟာကိုလဲတစ်ချက်လောက်..........
..........
................
......................"

အော်။ သူမ လိုအပ်ချက်တွေများလှချည်လား။

ခုတစ်ခါမှာရေခဲတုံးက သေချာစိတ်ပိုင်းဖြတ်ထားပုံရတယ်။ သူလိုချင်တဲ့ပုံစံကိုသေချာပြောပြနေတဲ့အပြင် ဘာ့ကြောင့် ဒီလိုလုပ်ခိုင်းတာကိုပါရှင်းပြနေတာမို့ သူမ သေချာစွာလိုက်မှတ်ရင်း အံ့သြနေမိတယ်။

One sided love is not loveWhere stories live. Discover now