One sided love is not love, it's the pain I can't handle.

2K 213 1
                                    


Zawgyi

တဖက်သတ်အချစ်တဲ့။ ဝမ်းနည်းဖို့ကောင်းလိုက်တာ။ အချစ်တစ်ခုလို့သူမက သတ်မှတ်ခဲ့ပေမဲ့ အခြားတစ်ဖက်က အသိအမှတ်မပြုတဲ့အခါ ထိုအရာကို သူမ မကိုင်တွယ်နိုင်တော့တဲ့အခါ နာကျင်ဝမ်းနည်းမှုတွေနဲ့ အေးစက်မှုတွေကို သူမပြန်လည်ရရှိလာတဲ့အခါ

ပြတင်းတံခါးကတဆင့် ခပ်ဖွဲဖွဲရွာနေတဲ့မိုးတွေကို သူမငေးကြည့်နေမိတယ်။ သူမ ထိုယောက်ျားကို ချစ်ခဲ့တယ်။ ခုထိလဲ ချစ်ဆဲဘဲ သူမရဲ့ငယ်ရွယ်မှု တစ်ခုလုံးကိုထိုယောက်ျားဆီမှာမြှုပ်နှံခဲ့တယ်။ သူမက ထိုယောကျာ်းရဲ့အရိပ် ထိုယောကျာ်းရဲ့နောက်လိုက်၊လောင်းရိပ်မိနေတဲ့ သစ်ပင်၊ သူမရဲ့အိမ်မက်...ဝါသနာ... မျှော်လင့်ချက် အရာရာ ထိုယောကျာ်းရဲ့ လမ်းစဉ်အတိုင်းနောက်ကလိုက်ခဲ့ပြီး အခြား ဘယ်သူ့ကိုမှ မြင်နိုင်စွမ်းမရှိခဲ့တဲ့သူ။ သူမဟာ ထိုယောက်ျားကိုယ်တိုင်သတိမပြုမိတဲ့ ထိုယောကျာ်းရဲ့ ကိုယ်ပွား။
ပထမဆုံးအချစ်မှာတင် တစ်ဖက်သတ်ဖြစ်ခဲ့ရပြီး အံသြစရာကောင်းလောက်အောင်လျစ်လျူရှုခံရသူ။ သူမ စိတ်တွေတညလုံး ကယောင်ခြောက်ခြားဖြစ်နေခဲ့တယ်။ အတွေးပေါင်းများစွာနဲ့ တညကိုဖြတ်သန်းပြီးတဲ့နောက်နေ့မှာ သူမ အပြင်းအထန်ဖျားနာခဲ့တယ်။

မြည်နေတဲ့ဖုန်းသံတွေ၊ တံခါးခေါက်သံအချို့ကို လျစ်လျူရှုပြီး ကစဥ့်ကလျားအတွေးတွေ အဆုံးသတ်သွားချိန်မှာ (၈) နှစ်တာမမြင်နိုင်ခဲ့တဲ့ အရာတွေကိုမြင်နိုင်ခဲ့တယ်။
အဲ့အရာက စွန့်လွှတ်ခြင်း တဲ့။

သူမ ထိုယောက်ျားကိုမတွေ့ခင်က ရဲရင့်သူတယောက်ဖြစ်ခဲ့တယ်။ အရာရာကိုစူးစမ်းချင်စိတ်ပြင်းပြပြီးတတ်ကြွတဲ့ ဆယ်ကျော်သက်တစ်ယောက်ဖြစ်ခဲ့ဖူးတယ်။ သူမ ဘာလိုချင်လဲ ဘာလုပ်ချင်လဲ သေချာမသိသေးပေမဲ့ သူမလိုချင်တဲ့အရာရှိရင် ရအောင် ကြိုးစားတတ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ခဲ့ဖူးတယ်။

ထိုယောက်ျားကို ချစ်ခဲ့ပြီးနောက် သူမ ထိုယောက်ျားနောက် တိကျစွာလိုက်ခဲ့တယ်။ သူမရဲ့အိမ်မက်တွေ မျှော်လင့်ချက်တွေကို မဆန်းစစ်တော့ဘဲ အရာရာ ထိုယောက်ျားနဲ့နီးဖို့လုပ်ခဲ့တယ်။ ဒါ့ကြောင့် ဒုတိယအကြိမ်မြောက်တွေ့ဆုံခြင်း၊ တတိယအကြိမ်မြောက် ရှည်ကြာစွာတွေ့ဆုံခြင်းတွေ ဖြစ်လာခဲ့ပေမဲ့ ခုချိန်မှာ ဒါတွေဟာ အဓိပ္ပါယ်မဲ့လာတယ်လို့ခံစားမိလာစေတယ်။

One sided love is not loveWhere stories live. Discover now