One sided love! I am glad I started this love.

1.9K 193 1
                                    

Zawgyi

One sided love!  I am glad I started this love.

မနက်မိုးလင်းတာနဲ့ရောက်လာတတ်တဲ့ message တွေကြောင့် သူမပျော်ရွှင်ခဲ့ဖူးပြီ။အချစ်ခံရတဲ့အရသာကို သူမလိုချင်တဲ့သူဆီက ရလာတဲ့အချိန်မှာဒီတစ်ဖက်သတ်အချစ်ကို သူမစတင်ခဲ့မိတာကိုကျေးဇူးတင်မိတယ်။

တတ်ကြွပြီးပြုံးရွှင်နေတဲ့ သူမမျက်နှာကို ယုယကစတင်ပြီး သံသယဝင်ခဲ့တယ်။ နောက်တော့ စုစု..ပြောရရင် သူမမျက်နှာက မှိုရသလိုဖြစ်နေခဲ့မှာပေါ့။ ဟုတ်မှာပေါ့လေ။ သူမပျော်ရွှင်နေတာ​ကြောင့် အလုပ်မှာလဲအကောင်းမြင်တတ်လာတယ်။ ဂျီအမ်ရဲ့မျက်မှောင်ကုတ်ကုတ်တွေကိုလဲ သည်းခံလာနိုင်တယ်။ အပြန်အလှန်ချစ်ခြင်းဆိုတာ ဒီလိုမျိုးပါလား။

နွေကုန်ခါနီး ပူအိုက်တဲ့ပိတ်ရက် နေ့လည်ဘက်မှာ သူမနဲ့ ယုယ မုန့်လက်ဆောင်းလုပ်သောက်ခဲ့ကြတယ်။ သူမက မုန်လက်ဆောင်းကို လှလှလေးပြင်ပြီး ပုံရိုက်ခဲ့တယ်။ ထိုယောက်ျားကိုပြဖို့အတွေးနဲ့။ ယုယက မုန့်လက်ဆောင်းသောက်နေရင်းနဲ့မှ သူမကိုမသက်ာစွာထပ်ကြည့်ရင်းပြောတယ်။

"ဂရေစ့် နင့်ဟာက မပြီးတော့ဘူး ရည်းစားရသွားသလိုဘဲ တသက်လုံး FA ဖြစ်ပြီးကာမှ ရုတ်တရက် ရည်းစားရလို့ပိုပြနေသလိုဘဲ"

ထိုစကားကြောင့် သူမတွန့်ဆုတ်သွားခဲ့တယ်။ အနည်းဆုံးတော့ ယုယကို ပြောပြသင့်တယ်မဟုတ်လား။

"သိသာနေလား"

သူမစကားကိုကြားတော့ ယုယက မျက်မှောင်ကုတ်ချလိုက်ပြီး ခပ်စွာစွာထအော်တယ်။

"အယ်....ငါထင်နေတယ် ငါမေးနေသားဘဲ ငါ့စိတ်က သိကိုသိနေတယ် ပြောပြော ဘယ်သူလဲ ဘယ်ကလဲ အမလေး နှစ်တထောင် FA ကြီး စွံပြီပေါ့လေ"

သူမမျက်နှာက အပြုကိုဖုံးဖိဖို့ကြိုးစားပေမဲ့ ပြုံးစိစိမျက်နှာကတော့ရှိနေဆဲ။

"စွံတယ်တော့မဟုတ်သေးပါဘူး။ သူ့ဘက်က ငါ့ကို ဖွင့်ပြောတာဘဲရှိသေးတာပါ"

"သူ့ဘက်က ဘယ်သူလဲ နင့်အချစ်ရေးနဲ့ပတ်သတ်ရင် ဘာမှမပြောဖူးဘဲနဲ့များ ဘယ်သူလဲ နင့်ဂျီအမ်လား "

One sided love is not loveWhere stories live. Discover now