One sided love is not love, it's just a feeling faded away.

2K 204 3
                                    

Zawgyi

၉နာရီမထိုးခင်အမြဲသူမစောရောက်နေခဲ့ပေမဲ့ သူမထက်စောတဲ့သူတယောက်တော့အမြဲတမ်းရှိနေစမြဲဘဲ။ ဟိုတယ်ကနေ ၁၀မိနစ်လောက်လမ်းလျှောက်ရင်းရောက်နိုက်တဲ့ နှစ်ထပ်အဆောက်အအုံမှာ ထိုအမျိုးသားနေတယ်။ အလုပ်လုပ်နေတဲ့ ၃လအတွင်း ကြားရတဲ့ အတင်းသတင်းတွေဟာ သူမဆီကို စုစုကနေတဆင့်ရောက်လာတတ်တယ်။ သူမကတော့ ရုန်းကန်နေရဆဲပါဘဲ။ အမြဲလိုလို အခေါ်မခံရတာဟာသူမကြိုးစားမှုရဲ့ရလဒ်ဖြစ်ခဲ့တယ်။

အလုပ်ကိုစောရောက်ချိန်တိုင်း သူမဟိုတယ်ဝင်းထဲက ထိုင်ခုံပေါ် ခဏထိုင်ပြီး လေကို တစ်ဝရှုသွင်းရှုထုတ်တယ် ပြီးတော့မှဝင်လေ့ရှိခဲ့တယ်။

ဘာ့ကြောင့် ဒီအပိုင်းကိုစိတ်ဝင်စားခဲ့သလဲ။ လှပတဲ့ပွဲတွေရဲ့နောက်က စီစဉ်သူတစ်ဦးဖြစ်ချင်ခဲ့သလဲ။ ဒီမေးခွန်းတွေကို သူမကိုယ်သူမအကြိမ်ကြိမ်မေးမြန်းပြီး သူမအိမ်မက်ဟုတ်မှန်မှန်း​သေချာခဲ့ပြီမို့ ဒီအရာဟာ ဘယ်လောက်ဘဲ ပင်ပန်းနေခဲ့ပါစေ သူမပျော်နေခဲ့တယ်။

"မမ မမက ဒီမှာဘဲ ပြသနာတတ်နေပြီအထဲမှာ"

"ဘာပြသနာလဲစုစု...ဒီနေ့ပွဲအတွက်လား မနေ့ကအကုန်ပြီးသလောက်ရှိပါပြီ"

"စုစုတောင်းပန်ပါတယ်။ detail list ပေးတုန်းက ပန်းတွေကို အနီရောင်သုံးချင်တယ်လို့ရေးထားမိတာ။ အမှန်က အနီရောင်မသုံးဘူးလို့ပြောထားတာ"

"ဘာ ပန်း....."

သူမစကားမဆုံးခင်မှာ သတိရလိုက်တာကြောင့် Hotel ရဲ့ Sapphire ballroom ထဲပြေးဝင်လိုက်မိတယ်။ အဝင်ဝမှာ လျှောက်လမ်းမှာ စင်မြင့်ထက်မှာ reception မှာ စားပွဲတွေပေါ်မှာ သိပ်လှတဲ့နှင်းဆီနီတွေ.....

နာရီကိုတစ်ချက်ကြည့်မိတော့ ၈နာရီ၃၇မိနစ် ၁၀ နာရီစမဲ့ပွဲ သတို့သမီးက ခုချိန် အခန်းထဲမှာ အလှပြင်နေ ပြင်ပြီးလောက်ပြီ။ 

ပန်းတွေ ပန်းတွေ သူမရဲ့လက်တွေက ဖုန်းနံပါတ်တစ်ခုပြီးတစ်ခုကိုဆက်နေခဲ့တယ်။ မကြာခင်အမှီလဲနိုင်ဖို့ပန်းတွေ။ ခေါင်းထဲမှာထူပူပြီး ရင်ထဲမွန်းကြပ်နေပေမဲ့ သူမရဲ့နှုတ်ဖျားကတော့အလုပ်လုပ်နေဆဲဘဲ။

One sided love is not loveWhere stories live. Discover now