P-3

1.7K 206 6
                                    

Yoon Gi တစ်ယောက် အိပ်ယာထဲ လူးလွန့်နေရင်း ဖက်ခေါင်းအုန်းကို အားရပါးရခွလိုက်တယ်...  ဒီနေ့မှ ဖက်ခေါင်းအုန်းလေးက အနံ့တစ်မျိုးလေးမွှေးနေပါ့လား.. မွေးနေတဲ့ အနံ့ကြောင့် သူဖက်ခေါင်းအုန်းလေးကို ပိုတိုးပြီး ဖက်လိုက်မိတယ်.....

သူ့လက်ထဲက ဖက်ခေါင်းအုန်းလေးက အင့် ကနဲ အသံမြည်ပြီး တစ်ချက်လှူပ်သွားတယ်...  ဟင်... ဖက်ခေါင်းအုန်းက အသံထွက်လို့လား...

Yoon Gi မျက်လုံးဖွင့်ကြည့်လိုက်တော့ သူဖက်ထားတာ ဖက်ခေါင်းအုန်းမဟုတ်ပဲ Jimin ဖြစ်နေတယ်..  အနေအထားက Jimin ရဲ့ တစ်ကိုယ်လုံးကို သူက သိမ်းကျုံးဖက်ထားပြီး သူ့ရဲ့ခေါင်းက Jimin ခေါင်းပေါ်မှာ ရောက်နေတာမို့ Jimin ဆံပင်က အနံ့ကို သူရနေခဲ့တာ... 

သူထူပူစွာနဲ့ Jimin ကို တွန်းထုတ်လိုက်ပေမယ့် Jimin ကတော့ တစ်ချက်သာ လှုပ်ပြီး ပြန်အိပ်ပျော်သွားခဲ့တယ်..  သူ့မှာသာ ရင်တွေ တလှပ်လှပ်ခုန်ပြီး ပြန်အိပ်မရတော့တာမို့ ရေချိုးခန်းထဲ ဝင်ပြီး အစောကြီး ပြင်ဆင်နေမိသည်.... 

"ဟင်...  Hyung ဒီနေ့ အရမ်းစောနေပါ့လား"

အိပ်ချင်မူးတူးနဲ့ ဆင်းလာတဲ့ Jung Kook က တအံ့တဩနဲ့ ဆိုရှာတယ်....  အရင်ကဆို သူက Jung Kook ထက် နောက်ကျမှ ပြင်ဆင်ပြီးတာကိုး... 

"အင်....  အစောကြီးနိုးနေတာနဲ့ပဲ...  ဒီနေ့ Hyung လိုက်ပို့ပေးမယ်လေ... သင်တန်းကို အရင်သွားမှာမလား"

"ဟုတ်တယ် Hyung ဒါနဲ့ Jimin Hyung ရော.. မနေ့ညက ဘယ်မှာအိပ်တာလဲ"

"Hyung နဲ့ အိပ်တာ...  "

ဒီစကားလေးပြောရတာကို Yoon Gi ဘာကြောင့် နာရွက်တွေ ပူလာသလဲ မသိပါ.... ရိုးရိုးသားသားပဲကို သူဘာလို့ ရှက်နေရတာပါလိမ့်.. 

"Umm!?  Hyung အဆင်ပြေရဲ့လား...  Hyung က လူစိမ်းတွေနဲ့ အိပ်ရတာ မကြိုက်ဘူးမလား!? အာ့ကြောင့် အစောကြီး နိုးနေတာလား...  ကျွန်တော့်ကိုတော့ မနှိူးဘူး..  ကျွန်တော်နဲ့ အိပ်ခိုင်းရင် အဆင်ပြေတာပဲကို.. "

အမလေး...  သူ့များနှိုးခိုင်းနေသေးတယ်..  မနေ့ညက တံခါးကို ခပ်ပြင်းပြင်းခေါက်တာတောင် မနိုးတဲ့သူကများ..

First Time (Unicoad Ver) Where stories live. Discover now