Extra - 2

1.3K 167 6
                                    

"Arrr...  Yoon Ji နဲ့ Tae Kook အခုချက်ချင်း ဆင်းစမ်း စားပွဲပေါ်ကနေ"

"ဦးTae က JiJi ကိုဆူတယ်...  Papa နဲ့ သွားတိုင်မယ်"

ခုံပေါ်ကနေ တွယ်ကပ်ဆင်းလာတဲ့ ကလေးမလေးကို သူခများ ကောက်ချီလိုက်ရသည်..  မတော်လို့ တကယ်သွားတိုင်နေမှ..  သူ့ Papa လူ့ဂွစာကြီးက သူ့လာထိုးနေမှာပေါ့... 

ကြောက်တာတော့မဟုတ်ဘူး..  သူ့ယောကျ်ားရဲ့ အကိုမလို့ ရိုသေတာပါ.. 

"Jiji ကလဲ ဦးTae က ပြုတ်ကျမှာစိတ်ပူလို့ အော်လိုက်တာပါ...  Papa နဲ့ သွားတိုင်မှတော့ ဦးTae အဆူခံရမှာပေါ့..  Jiji လေးရဲ့ Appa က မှာသွားတယ် သူပြန်လာရင် Jiji လေးအတွက် ခရုဆန်ပြုတ် လုပ်ကျွေးမယ်တဲ့"

"တကယ်လား... "

မပီကလာ ပီကလာနဲ့ ပြောနေတဲ့ တူမလေးကို ပါးလေးလိမ်ဆွဲကာ အောက်ချပေးလိုက်သည်.. 

"တကယ်ပေါ့ Jiji လေးက ဟိုးခုံလေးပေါ်မှာ ငြိမ်ငြိမ်လေးထိုင်နေ...  ဦးTae က သန့်ရှင်းရေး လုပ်လိုက်အုန်းမယ်"

ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့ ထွက်သွားတဲ့ သူ့တူမလေးကို သဘောကျစွာ ပြုံးကြည့်နေမိရင်း..  သူ့သား ဂျစ်တူးကောင် Tae Kook ဘယ်ရောက်သွားမှန်းမသိ..  သူ ဘီလူးဆိုင်းတီးပြမှ ကြောက်တဲ့ သူ့သားလေး.. 

သူ အော်လိုက်လို့ သူ့Appaဆီ ရောက်သွားပြီနေမှာပေါ့..  လောလောဆယ် အိမ်သန့်ရှင်းရေး အရင်ပြီးအောင်လုပ်ရမယ် တော်ကြာ ဟို အပုကောင် ဈေးကပြန်လာတာ ဘာမှပြီး မထားရင်..  ဆူဆဲခံနေရအုန်းမယ်..  Kim Tae လေး ဘဝကလဲ အခံဘက်ကကြည့်... 

"Appa...  ထထ"

Tae Kook လေး မွေ့ယာပေါ်ထိ တက်ပြီး နှိုးနေပေမယ့် Jung Kook က တုတ်တုတ်မှ လှုပ်မလာ

"Appa...  Appa...  ဘာလို့ ထမလာတာလဲ ... Appa ထပါအုန်းလို့"

ခနခနနိုးနေတာကို လှုပ်မလာတော့ Tae Kook လေးလဲ အလန့်တစ်ကြားနဲ့ အောက်ထပ်က Tae Hyung ကို လှမ်းအော်လေသည်... 

"Papa ရေ....  Appa...  အသက်မရှူတော့ဘူး"

တကယ်တန်း နှိုးမရဘူးလို့ အော်ရပေမယ့် လန့်နေတာမို့ စကားတွေ မှားအော်မိတာဖြစ်သည်...  Tae Hyung ခမျာလဲ လက်ထဲက ကြက်မွှေးကို မချနိုင်ပဲ အပေါ်ကို ဝရုန်းသုန်းကား ပြေးတက်လာသည်... 

First Time (Unicoad Ver) Where stories live. Discover now