P-6

1.5K 221 8
                                    

Jung Kook ခမျာ Tae Hyung ရင်ခွင်ထဲကနေ တုန်သွားသည်...  သူ့အကိုရဲ့ ဒေါသကို သိနေတာမို့ ပိုလန့်ရသည်... 

"Hyung ကျနော့်ကို ချပေးတော့"

Tae Hyung နားကို Jung Kook တိုးတိုးလေး ကပ်ပြောလိုက်ပေမယ့် Tae Hyung က ချမပေးပဲ

"ဘာလို့လဲ Kookie က ခြေထောက်နာနေတာကို.. "

အမေလေး ခြေထောက်နာတာထက် အကိုတော် Yoon Gi က ပိုကြောက်ဖို့ကောင်းတယ်ဆိုတာ သူသိသင့်တယ်... 

"Tae.... Tae မင်းမလား"

Jimin တစ်ယောက် လှေကားပေါ်ကနေ လှစ်ခနဲ ဆင်းပြေးသွားသည်မှာ Yoon Gi တောင် ဝင်တိုက်တော့မလို... 

Jimin က Tae Hyung ကို ပြေးပြီးဖက်လိုက်သည်...  Tae Hyung ကလဲ Jung Kook ကို ချီထားတာ ခနချပြီး လက်တစ်ဖက်ဖြင့် ခါးကို ဖက်ပြီးထိန်းထားကာ တစ်ဖက်နှင့် Jimin ကို လှမ်းဖက်လိုက်သည်.... 

Yoon Gi ဒေါသတို့ အထွတ်အထိပ်ရောက်ကုန်သည်...  သူ့ညီကိုရော သူ့ရဲ့ လတ်လတ်ဆတ်ဆတ် ချစ်သူလေးကိုပါ ထိုအကောင်က ဆွဲဖက်ထားတာ ရစရာမရှိ... သူ့အဖြစ်က အုနုကို ကျွဲခတ်ရုံတင်မကဘူး ချိုနဲ့ ဗိုက်ကို ပြေးအဝှေ့ခံရသလိုပင်.... 

"မင်းဘယ်သူလဲ....  "

သူ နားနားကပ်ပြီး မေးလိုက်မှ Jimin က လှည့်ကာ ပြုံးပြသည်...  ဘယ်အကောင်လဲ ရှင်းဆိုတဲ့ သဘောနဲ့ မေးဆတ်ပြတော့

"ဟီး....  ဒါက ကျွန်တော့်သူငယ်ချင်း Tae Hyung လေ"

သူက ဟုတ်လားဆိုတဲ့သဘောနှင့်သာ ခေါင်းတစ်ငြိမ့်ငြိမ့်နှင့် Jung Kook ဘက်လှည့်လိုက်သည်... 

Jung Kook ကတော့ ဖြူရော်ဖြူဖပ်မျက်နှာလေးနှင့် သူ့ကို ယုန်ပြုံး မဟုတ် ယုန်ဖြီးဖြီးပြသည်..  

"ဒါ ကျွန်တော်နဲ့ အလုပ်တွဲလုပ်ရမယ့် Kim Tae Hyung တဲ့..  ဟီး"

တဟီးဟီးနဲ့ ရီပြနေတဲ့ နှစ်ယောက်ကြားမှာ Kim Tae Hyung တစ်ယောက် အူကြောင်ကြောင်နဲ့ လိုက်ရီပြမိတော့ Yoon Gi ရဲ့ အကြည့်စူးစူးတို့က ဒိုင်းကနဲ့ သူ့ဆီရောက်လာသည်... 

"ဘာလုပ်ဖို့.... "

သူ့စကားအပြီး Jung Kook နဲ့ Jimin က အလယ်က Tae Hyung ကို တစ်ပြိုင်တည်း ကြည့်လိုက်တာမို့ Tae Hyung အနေကျပ်သလိုတောင် ဖြစ်သွားသည်.. 

First Time (Unicoad Ver) Where stories live. Discover now