P-7

1.5K 188 9
                                    

"Jimin...  မြန်မြန်ပြန်တော့ သွား"

"Tae ဘာဖြစ်လို့လဲ.... "

ပြောပြောဆိုဆိုနဲ့ ကားပေါ်က ဆင်းလာတဲ့ Jimin ကြောင့် Tae Hyung ကားထဲ ပြန်ထိုးထည့်နေရသည်... 

"မင်းအမေလင်လူတွေ ငါ့အိမ်ထဲမှာဟ... "

"ဟင်..... "

"ဟိုမှာ ဟေ့ကောင်တွေလိုက်.... "

Jimin အံ့ဩလို့ပင်မဆုံးသေး ဟိုလူတွေက သူ့ကို မြင်ကုန်ပြီ...  ကြောင်နေတဲ့ Jimin တဲ့ Tae Hyung က ကားထဲ တွန်းထည့်လိုက်သည်.. 

Yoon Gi ကလဲ မြန်မြန်ပင် ကားကို ကွေ့ကာ မောင်းပြေးလိုက်သည်...  Tae Hyung မှာတော့ ခြေကျင်သာ ပြေးရလေတော့သည်.... 

လူမိုက်သုံးယောက်မှာလဲ ကားနဲ့ပြေးတာ တစ်ယောက် ခြေကျင်ပြေးတာ တစ်ယောက်ဆိုလို့ ဘယ်ပြေးရမှန်းမသိ ယောက်ယက်ခတ်ကုန်ကြသည်.... 

ထို့နောက်လူစုခွဲလိုက်ကာ Jimin တို့နောက်ကို ၂ယောက်က ဆိုင်ကယ်ဖြင့်လိုက်လာပြီး...  ၃ယောက်က ခြေကျင်ပြေးသွားတဲ့ Tae Hyung နောက်ကို လိုက်ကြသည်... 

Tae Hyung တစ်ယောက် ရူးချင်သွားသည်...  လိုက်ရမှာ Jimin နောက်လေ... ဘာလို့ သူ့နောက်ကို ၃ယောက်တောင်လိုက်လာတာလဲ... 

One by one ဆိုရင် သူပြန်ချနိုင်ပေမယ့် အခုက ၃ယောက် သူဘယ်လိုမှ မခုခံနိုင်တာကြောင့် အသားကုန်သာ ပြေးနေရသည်...  ပြေးဟေ့ ပြေးထား Tae Hyung ရ မင်းမျက်နှာ အထိုးခံရရင် Kookie ရှေ့ရုပ်ဆိုးနေမယ်

Tae Hyung တို့ ကံမကောင်းချက်ကတော့ ပြေးလိုက်တဲ့ လမ်းက တစ်ဖက်ပိတ်ကြီး..  နောက်ကို လှည့်ကြည့်တော့လဲ လူမိုက်၃ယောက်က လမ်းရဲ့ ထိပ်ကနေ ပိတ်ရပ်ထားသည်..

တစ်ဖြည်းဖြည်းနဲ့ ရှေ့တိုးလာတဲ့ လူမိုက်၃ယောက်ကို ကြည့်ပြီး Tae Hyung ချောင်ကပ်နေမိသည်... 

"Park Jimin ဘယ်မှာလဲ..."

"ငါဘယ်သိမှာလဲ..... "

"မင်းမသိတာ မဖြစ်နိုင်ဘူး မင်းကားထဲ တွန်းထည့်လိုက်တာ မြင်လိုက်တယ်"

"အာ့ဆိုလဲ သူ့နောက်လိုက်လေ...  ဘာလို့ ကျွန်တော့်နောက် လိုက်လာတာလဲ... "

First Time (Unicoad Ver) Where stories live. Discover now