P-9

1.5K 186 5
                                    

ဒီနေ့ Jung Kook တစ်ယောက် စောစော နိုးနေသည်..  နိုးဆို ချိန်းထားတာကို...  မနေ့ကမှ လောလောလတ်လတ် ရထားတဲ့ ချစ်သူလေးနဲ့ Date လုပ်ထားတာမို့ ပြင်ဆင်စရာရှိတာ စောစောပြင်ဆင်နေမိသည်... 

First Date မှာတော့ သူ့ကို ဘယ်ဘက်ထောင့်ကနေ ကြည့်ကြည့် ကြည့်ကောင်းနေစေချင်သည်..  သူ့ရဲ့ ချစ်သူက ဒဏ်ရာဒဏ်ချက်တွေနဲ့တောင် ကြည့်ကောင်း နေတဲ့သူမို့ သူ့ဘက်ကလဲ အသေစိတ် ပြင်ဆင်နေရသည်.. 

၁နာရီလောက် အချိန်ယူ ပြင်ဆင်အပြီးမှာ သူ့ကိုယ်သူ စိတ်တိုင်းကျသွားတော့သည်... ရှပ်လက်တို မိုးပြာရောင်လေးကို style pant အနက်လေးနဲ့ တွဲဝတ်လိုက်တော့ လူကြီးရုပ်လေး ထွက်လာတဲ့ သူ့ကိုသူ ကျေနပ်စွာပြုံးနေမိသည်... 

သူပြင်ဆင်ပြီး အောက်ထပ်ဆင်းလာတော့ အောက်ထပ်မှာ မိုးမမြင်လေမမြင် ကဲနေကြတဲ့ ယူကြတော့မယ် စုံတွဲကို တွေ့လိုက်ရသည်...  Jimin က ရှေ့ကနေ ဟင်းချက်နေပြီး Yoon Gi က နောက်ကနေ Jimin ခါးကို သိုင်းဖက်ထားသည်... 

ဒီဟင်းစောင့်နေရင် သူမနက်စာငတ်ဖို့ သေချာနေတာမို့ သူ့ချစ်သူလေးနဲ့သာ စားဖို့ တွေးလိုက်တော့သည်... 

"Yoon Gi Hyung.. Jimin Hyung ကျွန်တော်သွားတော့မယ်..  ချိန်းထားတာလေးရှိလို့"

"အင်း...  သွားလေ"

အရင်ကဆို မနက်စာ စားမသွားရင် မိုးပြိုမလို ပေါက်ပေါက်ဖောက်နေတဲ့ သူ့Hyung က အခုတော့ သူ့တောင် လှည့်မကြည့်အား... သူချစ်တဲ့သူနဲ့ တွေ့သွားပြီကိုး... 

သူ နည်းနည်းတော့ ဝမ်းနည်းမိပေမယ့်...  သူ့ Hyung အတွက် ဝမ်းသာမိပါသည်... သူစတွေ့တည်းက Hyung ဒီလောက်ထိ ပျော်တာမျိုး မမြင်ဖူးခဲ့ပါ..  သူ့ရှေ့မှာ သူ့ကို နူးနူးညံ့ညံ့ ဆက်ဆံပေးတယ်ဆိုပေမယ်..  Jimin Hyung နဲ့ဆို Hyung အပြုံးတွေက ပိုတောက်ပသည်..  Jimin Hyung လို လူလက်ထဲ ထည့်ပေးလိုက်ရတာလဲ ကျေနပ်ပါသည်...

"ဟေ့...  ဘာတွေတွေးနေတာလဲ"

ရုတ်တရက် ပုခုံးလာပုတ်တဲ့ လူကြောင့် သူလှည့်ကြည့်မိလိုက်သည်..  ထိုအခိုက်တန့်တွင် သူ နတ်ပြည်ခနရောက်သွားသလို.... 

သူချစ်ရတဲ့သူက အဖြူရောင် ရှပ်လက်ရှည်ကို ခေါက်တင်ထားတာ skinny pant အနက်နဲ့ လည်ပင်းတွင် Gucci necktie ကို ချည်ထားတာမို့ တည်ငြိမ်တဲ့ အသွင်နှင့် နတ်သားတစ်ပါးလို ကြည့်ကောင်း လွန်းသည်... 

First Time (Unicoad Ver) Where stories live. Discover now