P-5

1.5K 189 10
                                    

Jimin ရဲ့ အိမ်မှာတော့ ပထွေးဖြစ်သူတစ်ယောက် ဝုန်းဒိုင်းကြဲလို့နေလေသည်...  Jimin ပျောက်သွားတာ တစ်ပတ်ပြည့်သည်ထိ အစအနကို ရှာလို့ မတွေ့... အစီစဉ်တွေ အောင်မြင်ခါနီးမှ အကုန် တစ်လွဲတစ်ချော် ဖြစ်ကုန်ရသည်... 

"မင်းတို့ ဒီအကောင်သေးသေးလေးတောင် မရှာနိုင်ကြဘူးလားကွ...  အာ့နေ့က မင်းတို့ကို သေချာစောင့်ကြည့်ခိုင်းထားတာ ဘာလို့ အာ့ကောင်လေး ချောင်းနားထောင်နေတာကို တစ်ယောက်မှ မသိကြတာလဲ"

"ဦးလေး.... Nabi တို့ ဘယ်လိုလုပ်ကြမလဲ...  Nabi တို့ ပိုက်ဆံတွေ မရနိုင်တော့ဘူးလား...  ဘယ်လိုလုပ်မလဲ..  Nabi က ကမ္ဘာပတ်မယ်ဆိုပြီး ကြွားထားတာ သူငယ်ချင်းတွေကို... အလှောင်ခံရတော့မှာပဲ "

ပြောရင်းနဲ့ ဆိုဖာပေါ် ခြေဆောင့်ငိုနေတဲ့ Nabi ကို ပထွေးမှာ ပြန်ချော့နေရသေးသည်... 

"Nabi လေးရယ်..  မငိုပါနဲ့..  ဦးလေးက ရှာပေးမှာပါ..  မြေလှန်ပြီးကို ရှာပေးမယ်...  ဟေ့ကောင်တွေ....  မင်းတို့တွေ သူ့အသိတွေမှာ သွားရှာကြည့်..  သူက အိမ်ကနေ ဒီတိုင်းထွက်ပြေးသွားတာ ပိုက်ဆံလဲ ပါမှာမဟုတ်ဘူး... "

"ဟုတ်ကဲ့ Boss..... "

သူ့ရဲ့ တပည့်တွေထွက်သွားတော့ ပထွေးက Nabi ရဲ့ဘေးမှာဝင်ထိုင်ကာ ဖက်လိုက်သည်... Nabi ကလဲ ပြန်ဖက်လိုက်သည်...  သူရဲ့ နှစ်ဦးရဲ့ ပတ်သတ်မှူက ဘယ်လိုမျိုးလဲ??? 

Yoon Gi အိမ်တွင်တော့ Jimin ရောက်လာပြီး ရက်ပိုင်းအတွင်း အများကြီး ပြောင်းလဲသွားသည်..  Jimin ရဲ့ ဟင်းချက်လက်ရာတွေကြောင့် Yoon Gi တို့ ညီအစ်ကို နှစ်ယောက် အိမ်ထမင်းအိမ်ဟင်း စားဖြစ်နေကြသည်... 

အိမ်လဲ သပ်သပ်ရပ်ရပ်သန့်သန့်ရှင်းရှင်း ဖြစ်လာသလို.. ရယ်သံတွေနဲ့ပို အသက်ဝင်လာသည်..  Yoon Gi နဲ့ Jimin ကြားက ရင်းနှီးမှူကလဲ တစ်နေ့တစ်ခြား တိုးတိုးလာနေသည်.... 

ဒီနေ့ မနက်ခင်းလေးဟာတော့ Jimin ရဲ့ လက်ရာတို့ဖြင့် အိမ်တစ်ခုလုံး မွှေးပျံ့နေလေသည်... 

"Arr....  မွှေးနေတာပဲ "

အိမ်ပေါ်ကနေ လက်နှစ်ဖက်ဆန့်တန်းကာ ပြေးဆင်းလာသော Jung Kook ကြောင့် Jimin ပြုံးမိပါသည်...  Jung Kook သာ သူ့ညီလေး ဖြစ်ရင် ကောင်းမှာပဲလို့ ခနခနတွေးမိနေသည်... 

First Time (Unicoad Ver) Nơi câu chuyện tồn tại. Hãy khám phá bây giờ