အခန်း (၂၀) ပထမအနမ်း

9K 820 116
                                        

UNICODE

ပုံမှန် မဟုတ်သော သုနန္ဒ၏ ထူးခြားမှုအား စန္ဒသူရဇ္ဇ ကလည်း သေချာပေါက် သတိထားမိသည် ပင်။ စန္ဒသူရဇ္ဇ၏ မျက်လုံးများသည် တောက်ပလျက် နှုတ်ခမ်းစွန်း တစ်ဖက်က ကော့တက်လာ၏။

အပြင်ကလူ မသိအောင် တိတ်တိတ်လေး နေမယ်ပေါ့… ဟုတ်လား… မင်း ဘယ်လောက်ထိ တိတ်တိတ်လေး နေနိုင်မလဲ ဆိုတာ ငါကိုယ်တော် စိတ်ဝင်စားမိသား…

ချောမော ခန့်ညားသော မျက်နှာတွင် နတ်ဆိုးတစ်ကောင်၏ အပြုံးက အသက်ဝင်တောက်ပ လာတော့လေသည်။

စန္ဒသူရဇ္ဇ၏ အကြည့်သည် သလွန်ပေါ်တွင် အကာအကွယ်မဲ့စွာ လဲလျောင်းနေသော သုနန္ဒ၏ လည်တိုင်စပ်ကို ကျရောက် သွားပြီးနောက် သုနန္ဒ၏ ပိုးသားအကျီပျော့လေးကို အရိုင်းဆန်ဆန် ဆွဲဖြဲလိုက်ပစ်သည်။ ပိုးအကျီသည် နှစ်ခြမ်းပြဲထွက်သွားကာ အညိုကွက်များ စွန်းထင်းနေသည့်တိုင် ဖြူနုချောမွေ့နေဆဲ ဖြစ်သော ခန္ဒာကိုယ်လေး ထွက်ပေါ်လာလေသည်။

အဆီပို ဟူ၍ မရှိ။ ပါးလျသော်လည်း ကျစ်လျစ်သော ကြွက်သားများဖြင့် ဖွဲ့စည်းထားသည့် ရင်အုပ်နှင့် ဝမ်းဗိုက်သည် ချပ်ရပ်ပြီး မျက်စိကို ဖမ်းစားနေသည်။ ဆွဲဆောင်မှု ရှိလှသော ညှပ်ရိုးနှင့် လည်တိုင်စပ်ကြားမှ အသားနုနုပေါ် သူ၏ နှုတ်ခမ်းတစ်စုံ ကျရောက်သွားပြီး နောက်မှာတော့ စန္ဒသူရဇ္ဇ၏ ခန္ဓာကိုယ်ထဲ စီးဆင်းနေသော သွေးများ ဆူပွက်လာတော့ လေသည်။

စန္ဒသူရဇ္ဇသည် သုနန္ဒ၏ အသွေးအသားတို့အား တစ်စစီ ကိုက်ဖြတ်ဝါးမြို တော့မည့်အလား လှစ်ဟလျက်ရှိသော သုနန္ဒ၏ ရင်ခွင်ထဲ တိုးဝင်ကာ စိတ်ထင်တိုင်း သောင်းကြမ်းနေ၏။

အမှန်တော့ သူပုန်တွေ လက်ချက်နှင့် သုနန္ဒ အကျီ ပြဲဆုတ်နေတာ တွေ့ခဲ့ရတဲ့ အချိန်တည်းက သူ ဒီလို လုပ်ချင်နေခဲ့တာ.…။

သုနန္ဒကတော့ စန္ဒသူရဇ္ဇ၏ ကြမ်းတမ်းမှုများသည် သူနှင့် ဘာမျှ မသက်ဆိုင် သကဲ့သို့ သူ၏ မျက်လုံးရှေ့တွင် ရှိသော အိမ်ခေါင်မိုးကိုသာ ငေးကြည့်နေ၏။ စန္ဒသူရဇ္ဇ၏ ဆူပွက်နေသော သွေးများထဲမှ အပူရှိန်သည် တစ်ကိုယ်လုံးကို ပျံ့နှံ့လာခဲ့ပြီမို့ အပူဒဏ်ကို သည်းမခံ နိုင်တော့သည့် အလား ဝတ်ထားသော ပိုးအကျီကို ချွတ်ပစ်လိုက်တော့သည်။

နန်းကျမင်းသားDonde viven las historias. Descúbrelo ahora