~ဂျလောက် ~
သူပြန်လာပြီ ကျနော်သိတာပေါ့ သူကျနော်
စိတ်ဆိုးပြလိုက်ရင် သူပြန်လာမယ်ဆိုတာခပ်တည်တည်ပဲ ထိုင်နေလိုက်သည်
"အိမ်ပြန်ရောက်ပါပြီ"
ပါးစပ်ကနေ ပြောပြီး ဘယ်ကိုမှ မကြည့်ဘဲ
အခန်းထဲကို တန်းဝင်သွားသည် တစ်ကိုယ်လုံး
မိုးတွေ ရွှဲနေတဲ့ သူ ကြွက်စုတ်လေးကျနေတာပဲဟို အကောင်ကို လိုက်မပို့ခိုင်းဘူး ထင်သည်
ဟန်မပျက် TV ကြည့်နေလိုက်သည်
တအောင့်ကြာတော့ အခန်းထဲက သူထွက်လာပြီး
ကျနော့်ဘေးမှာ ကုပ်ကုပ်လေး လာထိုင်နေတယ်"ဘာလုပ်တာလဲ"
"မိုး..မိုးခြိမ်းနေတယ်လေ"
နှုတ်ခမ်းလေးတွေမှာ ပြာနေပြီ တော်တော်ချမ်းနေတဲ့ပုံ
"ကျစ် မင်း မိုးခြိမ်းတိုင်းကြောက်နေရင် မိုးတွင်းဘက် ဘယ်လိုနေမလဲ ဟမ်"
"......"
ဘေးမှာပဲ ကုပ်ကုပ်လေးထိုင်နေသည်
မိုးခြိမ်းလိုက်တိုင်း မသိမသာ တိုးကပ်လာတဲ့ သူ့ကိုယ်လုံးလေး
"ဟို ဘက်တိုးနေစမ်း xiao luhan "
"ဟင့်"
ဟိုဘက်လေး အသာ တိုးသွားပါတယ် ဒါမဲ့လည်း ပြီးရင်း ပြန်ကပ်လာတာပဲ
"xiao luhan ကိုယ့်ဘာကိုယ် နေစမ်း ငါ ရိုက်လိုက်ရမလား သွား ငါ့ရှေ့မှာ လာမနေနဲ့"
"ဟုတ်"
ပြောပြီး အခန်းထဲ ပြန်ဝင်သွားတယ်
ကျနော် ထိုင်နေပေမဲ့ သူ့ကို စိတ်မချ သူအရမ်းကြောက်တတ်တာ ကျနော်သိတာပေါ့ သူဘယ်လိုနေမလဲ
ဦးနှောက်က မသွားလိုသောကြောင့် ထိုင်နေမိပေမဲ့
လက်မခံနိုင်တဲ့ နှလုံးသားကြောင့် နာရီဝက်ကြာတော့
အခန်းထဲ လိုက်ဝင်ခဲ့သည်
YOU ARE READING
ကြိတ်ကြွေခဲ့သည် ⭐COMPLETED⭐
Fanfictionငါ့ အဖေက မင်းကြောင့် သေခဲ့ရလို့ မုန်းပေမဲ့ ငါ့နှလုံးသားက မင်းကို ချစ်တယ် xiao luhan ငါ့ သားလေးကို မွေးပေးခဲ့တဲ့ မင်းကို အရမ်းချစ်တယ် သားလေးနဲ့ မင်းက ငါ့ဘဝ အတွက် အရာရာပါ oh sehun ကျနော့်...