ep 10
1.5K 110 0
"သား​လေး"
"ဟုတ်​ မားမား"
"သား​လေးက  မားမားသား​လေးဆို  သိပ်​​ကောင်း
မှာပဲ ကွယ်​"
"ဟုတ်​ကဲ့ "
ကျ​နော်​ မားမားတို့အိမ်​​ရောက်​​နေတယ်​   ညတိုင်း
ကျ​နော်​ ကလပ်​မှာ အလုပ်​မလုပ်​​တော့ဘဲ  မားမားနဲ့
လာ​နေတာ များတယ်​  အဲဒီအတွက်​  hyung က
အချိန်​ပိုင်း အလုပ်​တမျိုးပဲ​ပေါ့
hyung မှာ  ဒီလိုလုပ်​​နေတာ  အ​ကြောင်းရှိတယ်​တဲ့​လေ 
သူ့ အ​ဖေ​ကြောင့်​တဲ့   ဒါ​ကြောင့်​ မားမားကို
ပျော်​ရွှင်​​အောင်​ထားချင်​​နေတာ
မားမားရဲ့ သား​လေး​သေသွားရတာ  hyung ရဲ့
အ​ဖေ​ကြောင့်​တဲ့ ​လေ   hyung အ​ဖေက ထိုက​လေးကို အပြင်​​ခေါ်သွားပြီး မုန့်​လိုက်​ဝယ်​​ကျွေးသည်​တဲ့   ဒါမဲ့ ကံဆိုးချင်​တဲ့​က​လေးငယ်​ဟာ  ​မြစ်​ထဲပြုတ်​ကျသွားသည်​​လေ
hyung အ​ဖေက က​လေးငယ်​ကို လုပ်​ကြံတာ
တဲ့ hyung ​ပြောပြသည်​  မားမားတို့ရဲ့ ပိုင်​ဆိုင်​မှု​တွေကို   hyung အ​ဖေက   hyung ကိုရ​စေချင်​တာ  ဒါ​ကြောင့်​ အ​မွေရမဲ့ ထိုက​လေးငယ်​ကို
လုပ်​ကြံခဲ့သည်​ဟု  hyung က ကျ​နော့်​ကို
တိုးတိတ်​စွာ ​ပြောပြခဲ့သည်
ရက်​စက်​လိုက်​တဲ့လူ​တွေ​နော်​  သူများပိုင်​ဆိုင်​မှုကို
လိုချင်​တက်​မက်​လို့ အပြစ်​မရှိတဲ့ က​လေးငယ်​ကို
သတ်​ပစ်​ခဲ့တယ်
"ဒီ​နေ့ည မားမားတို့နဲ့ အိပ်​သွားပါလား  သား​လေးကို ​ချော့ပြီး သိပ်​ချင်​လို့ပါ"
"အဲဒါ​တော့ မဖြစ်​ဘူးထင်​တယ်​  မားမားရဲ့ အကို
ကျ​နော့်​ကို ဆူလိမ့်​မယ်​"
ကျ​နော်​​ပြောလိုက်​​တော့ မားမား မျက်​နာအနည်းငယ်
မှိုင်​ကျသွားသည်
"ဟို  ကျ​နော်​ ​နေ့တိုင်းလာ​နေတာပဲ​လေ မားမားရယ်​​ကော်​ဖီဆိုင်​ ပိတ်​တဲ့​နေ့​တွေကျရင်​လည်း  မားမားစီ တ​နေ့လုံးလာလည်​​မယ်​​လေ"
"သား​လေးက တခြား​ကော လုပ်​​နေရ​သေးတာလား"
"ဟုတ်​တယ်​  အကိုက ​ကျောင်းတက်​နေရတာ​လေ
မအားဘူး  ဒါ​ကြောင့်​ ကျ​နော်​ပဲ အကို့ကို လုပ်​​ကျွေး​နေတာ   ကျ​နော်​က  အကို့ကို ချစ်​တယ်​​လေ"
ကြိတ်​​ကြွေခဲ့သည်​ ⭐COMPLETED⭐Where stories live. Discover now