ep 11

1.4K 110 2
                                    

အိမ်​တံခါး​လေးအသာ ဖွင့်​ကာ အိမ်​ထဲဝင်​လာသည်
မားမား ကို အကို ​စောင့်​​နေတယ်​လို့​ပြောကာ
အ​စောပြန်​လာခဲ့သည်

အကို့ကို  မားမားသင်​​ပေးထားတဲ့ မုန့်​​လေး​တွေ
လုပ်​​ကျွေးမို့ ​စော​စောပြန်​လာခဲ့တာ

ပါလာတဲ့ ပါဝင်​ပစ္စည်းထုပ်​​လေးကို စားပွဲ​ပေါ် အသာတင်​ကာ  အခန်းထဲ ဝင်​ကြည့်​​တော့ အကို
မ​ရောက်​​သေးဘူး

ည​နေ​ရောက်​​နေပြီ​လေ  ​ကျောင်းလွှတ်​​နေပြီဟာ
ဘာလို့ ပြန်မ​​ရောက်​​သေးတာလဲ

ရေမိုးချိုး အဝတ်​အစားလဲကာ
မုန့်​လုပ်​ရန်​  ပြင်​ရ​တော့သည်

ပါလာ​သော အသား​လေး​တွေကို  အမှုန့်​​လေး​တွေ
ဖြစ်​​အောင်​   ဓားဖြင့်​ လှီး​နေလိုက်​သည်
ကြက်​သွန်​မြိတ်​​လေး​တွေကိုလည်း ပါးပါးလှီး

သေချာပြင်​ဆင်​​နေရင်း​  ပြန်​မလာ​သေးတဲ့ အကို့ကိုလည်း   လည်​ပင်းရှည်​လာသည့်​အထိ ​မျှော်​​နေရသည်

"​နောက်​ကျလိုက်​တာ"

ဂျုံမုန့်​​လေး​တွေကို  ပန်းကန်​ထဲထည့်​ကာ  ​ရေနှင့်​​ရောပြီး နှယ်​​နေလိုက်​သည်

"ဟပ်​ချိုး"

ပန်းကန်​ထဲက ဂျုံမှုန့်​တွေမျက်​နာကို လာကပ်​​လေ​ရော
လက်​ဖြင့်​ သုတ်​​ပေမဲ့လည်း  မုန့်​နယ်​​နေတာမို့
လက်​ဖြင့်​မသုတ်​နဲ့  လက်​​မောင်းဖြင့်​သာ အဆင်​​ပြေသလို ပွတ်​ရသည်

ရေ​နွေးအိုး​လေးကိုလည်း  ဆူ​နေ​အောင်​ တည်​ထားရသည်​  ရလာတဲ့  ဂျုံ​လေး​တွေကို အဝိုင်း​လေး​တွေ ဝိုင်းကာ  ပြုတ်​ထားတဲ့ အသားအချို့ကို
ထည့်​ပြီး    လှလှ​လေးဖြစ်​​အောင်​ ထုပ်​​နေသည်

ပြီး​တော့ ​ဆူ​နေတဲ့ ​ရေ​နွေးအိုးထဲ  ထည့်​ကာ
ပြုတ်​ရသည်
ကျ​နော်​ ဖက်​ထုပ်​ပြုတ်​ လုပ်​​နေတာ​လေ

အကိုလာတဲ့ အထိ မ​အေးသွား​စေရန်​    မီးအရှိန်​​လျှော့ကာ  ​ရေ​နွေးအိုးထဲပဲ ထည့်​ထားလိုက်​သည်

ပြီး​တော့  ပို​နေတဲ့ ဂျုံ​တွေနဲ့  ကျ​နော်​​တော့ပိုကီ လုပ်​ပါ​သေးတယ်

ကြိတ်​​ကြွေခဲ့သည်​ ⭐COMPLETED⭐Where stories live. Discover now