နူးညံ့ အိစက်နေသောအသားလေးကို ထိကိုင်ထားရပြီး နိုးထလာခဲ့သည်
ရင်ခွင်ထဲက သူ့ကို ငုံ့ကြည့်တော့ နှစ်ခြိုက်စွာ အိပ်ပျော်နေသေးသည်
ဘေးနားက နာရီလေးကောက်ကြည့်မိတော့
6 နာရီ
အစောကြီး ရှိသေးတာပဲပြန်ပြီး အိပ်ရန် ပြင်လိုက်ပေမဲ့ နိုးလာတဲ့သူ
ထ ထိုင်လိုက်ပြီးမှ~အ ~ ခနဲအော်ကာ နှုတ်ခမ်းလေး ကိုက်ထားသည်
"နာနေသေးတာလား"
"ဟို နည်းနည်းပါ"
"မနက်စာစားပြီးရင် ဆေးသောက်လိုက်ဦး"
"ဟုတ်ကဲ့"
ပြောပြီ သူက ထရန်ပြင်နေတာမို့
"ဘယ်လဲ"
"ဟို ထတော့မလို့ပါ"
"ကျစ် မထနဲ့ နောက်ခါ ငါမထသေးရင် မင်းလည်း
မထရဘူး ငါနဲ့ အတူနေရမယ် ကြားလား""ဟုတ်"
"လာပြန်လှဲ"
ဆွဲခေါ်တော့ သူက ဘာပြောတယ်မှတ်လဲ
"ကျနော် မနက်စာ ပြင်ရဦးမယ် ပြီးတော့ သစ်ပင်တွေ ရေလောင်းရဦးမယ်"
တဲ့လေ ကျနော်လည်း စိတ်ပေါက်ပေါက်နဲ့
ပြောပေးလိုက်သည်"မင်းလင်နဲ့ အဲ့အပင်တွေနဲ့ ဘယ်ဟာ ပိုအရေးကြီးလဲ" လို့
ကျနော်ပြောတော့ သူက ဖြေရခက်သလို ငြိမ်နေသည်
"ဘာလဲ မင်းက အပင်တွေနဲ့ လင်နဲ့ကို ယှဉ်ပြီး စဉ်းစားနေတာလား"
"မဟုတ်ပါဘူး"
"လာ "
ဆောင့်ဆွဲချလိုက်တော့ ကျနော့်ဘေးနားလေးမှာ
ပြိုလဲကာ ကျလာသည်အဝတ်မပါတဲ့ သူ့ကိုယ်လေးကို ကျနော့်ကိုယ်နဲ့
အတင်းကပ်ကာ ဖက်ထားတော့ သူက နေရခက်သလို အနည်းငယ် ရုန်းသည်"ငြိမ်ငြိမ်နေစမ်း xiao luhan အလုပ်မသွားနိုင်အောင် မနက်ခင်း တစ်ချီ ဆွဲလိုက်ရမလား"
YOU ARE READING
ကြိတ်ကြွေခဲ့သည် ⭐COMPLETED⭐
Fanfictionငါ့ အဖေက မင်းကြောင့် သေခဲ့ရလို့ မုန်းပေမဲ့ ငါ့နှလုံးသားက မင်းကို ချစ်တယ် xiao luhan ငါ့ သားလေးကို မွေးပေးခဲ့တဲ့ မင်းကို အရမ်းချစ်တယ် သားလေးနဲ့ မင်းက ငါ့ဘဝ အတွက် အရာရာပါ oh sehun ကျနော့်...