ep 9
1.4K 105 0
"အဲဒါ ဘာလုပ်​​နေတာလဲ"
"ဟင်​"
အိမ်​ထဲဝင်​လာ​တော့  သူ့အိပ်​ရာ​ရှေ့မှာ ငူငူကြီး
ထိုင်​​နေ​သောသူ​ကြောင့်​ ​မေးမိသည်
"ဘာလုပ်​​နေတာလဲ"
"ဘာ.ဘာမှမလုပ်​ပါဘူး"
"အဲဒါဆို ဘာလို့ ထိုင်​​နေရတာလဲ"
"ပျင်းလို့ပါ  😁😁"
"​ကြောင်​​တောင်​​တောင်​နဲ့ ဘယ်​လိုဟာမှန်းမသိဘူး"
အခန်းထဲသာ ဝင်​လာလိုက်​​တော့သည်
ဟိုဟိုဒီဒီ​လျှောက်​မသွား​တော့ဘူး  အရင်​က သူ10
နာရီမှ ပြန်​​ရောက်​ရင်​  ကျ​နော်​က  9 နာရီ​လောက်​မှပြန်​​ရောက်​တာ   သူ​ပေး​တဲ့ ပိုက်​ဆံ​တွေမသုံးရက်​လို့   ကိုယ့်​ဘာသာ ပိုက်​ဆံရှာသည်
ရေချိုးပြီး အပြင်​ပြန်​ထွက်​လာ​တော့
ထိုင်​​နေ​သေးတဲ့သူ
"ဘာလုပ်​​နေတာလဲ"
"ဟင်​  ဘာမှမလုပ်​ပါဘူး  ထိုင်​​နေတာ"
"အ​ရှေ့က အိပ်​ရာက ဘာလုပ်​တာလဲ"
"အဲဒါက  မိုးစိုသွားတာ မ​ခြောက်​​သေးလို့ ဘာလုပ်​ရမလဲ  စဉ်းစား​နေတာ"
"ညစာ ချက်​ပြီးသွားပြီလား"
"ဟင့်​အင်း"
"ငါသိသားပဲ မင်းအ​ကြောင်း  ဟိုမှာပါလာတယ်​  သွားပြင်​ထားလိုက်​"
"ဟုတ်​ကဲ့"
ထိုင်​​နေရာက​နေ ထသွားကာ  ကျ​နော်​ဝယ်​ဟာ​တွေ
ညစာကို ပြင်​​နေသည်
ဒါနဲ့ သူ့အိပ်​ရာကို  ဘယ်​လိုလုပ်​ရမလဲ
ဒီည သူဘာနဲ့ အိပ်​မလဲ 
အိပ်​ရာ  အပို ရှိ​သေးလား   appa အခန်းထဲ သွားရှာမိသည်
အခန်းထဲက appa ဓာတ်​ပုံ​လေး မြင်​​တော့  ထွက်​လာရတဲ့​ဒေါသ   သူ့​ကြောင့်​မဟုတ်​ရင်​  appa
ကျ​နော်​နဲ့ အတူရှိ​နေနိုင်​မှာ  ခု သူ့​ကြောင့်  ဓာတ်​ပုံ​လေးသာ  ကြည့်​ခွင့်​ရ​တော့သည်
မင်း​ကြောင့်​  xiao luhan  မင်း​ကြောင့်
မျက်​ရည်​​တွေကျကာ ​ဒေါသလည်း ထွက်​​နေသည်
ကြိတ်​​ကြွေခဲ့သည်​ ⭐COMPLETED⭐Where stories live. Discover now