Part-3

10.4K 633 9
                                    

အနမ်းရိုင်း ပန်းရိုင်း ep 3

Zawgyi

"မရဘူး...မင်းအ​ဖေကို ကလဲ့စား​ချေမယ်​ မင်းကိုနှိပ်​စက်​ပြမယ်​မင်းအ​ဖေလူယုတ်​မာအတွက်​ မင်း​ပေးဆပ်​ရမယ်​ ​ရှောင်​ကျန့်​"

ရှောင်​ကျန့်​ ​ကြောက်​လန့်​တကြားနှင့်​ ​နောက်​သို့ဆုတ်​မိသည်​။

"ဟား...ဟား...ဟား...ဦး​ရှောင်​ဇီကို လက်​စား​ချေရ​တော့မယ်​"

ရှောင်​ကျန့်​အနားသို့ တဖြည်းဖြည်းတိုးကပ်​လာပြီးရယ်​​မော​နေ၏။ခွေးနက်​ကြီးကလည်းသူ့အနားတိုးကပ်​လာပြီး ခုန်​အုပ်​​တော့မတတ်​​ဒေါသတကြီးဖြစ်​​နေ၏။

"မင်းအ​ဖေကလူယုတ်​မာ...​ကောက်​ကျစ်​စဉ်းလဲတဲ့​ကောင်​ မင်း...မင်း​ပေးဆပ်​ရ​တော့မယ်​ မင်းအ​ဖေအတွက်​ မင်း​ပေးဆပ်​ကို​ပေးဆပ်​ရလိမ့်​မယ်​ ​ရှောင်​ကျန့်​"

"ကျွန်​​တော်​...ကျွန်​​တော်​"

ဘယ်​လိုမှ ​တောင်းပန်​လို့မရမှန်းသိလိုက်​​တော့သည်​။လွတ်​လမ်းကိုရှာမိ၏။

နောက်​​ကြောင်းကိုလှည့်​​ပြေးဖို့စဉ်းစားမိသည်​။

"မ​ပြေးနဲ့...မင်း​ပေးဆပ်​ရမှာပဲ ​သေကို​သေရမယ်​ ဒီနယ်​​မြေကငါ့နယ်​​မြေ မင်း​ပြေးလဲလွတ်​မှာမဟုတ်​ဘူး"

သူ့အတွက်​လွတ်​​မြောက်​ရလမ်းကရှာမ​တွေ့​ပေ...​သေဖို့ပဲရှိသည်​။မထူး​တော့...​နောက်​​ကြောင်းသို့လှည့်​ပြီး ထွက်​​ပြေးမိ၏။

"နက်​ကျုတ်​ မင်းတာဝန်​ မင်းထမ်း​ဆောင်​စမ်း"

"ဝုတ်​...ဝုတ်​...ဝုတ်​"

"ဝုတ်​"

"အမ​လေး​ဗျ ကယ်​​တော်​မူကြပါ"

ရှောင်​ကျန့်​ ​ကြောက်​လန့်​တကြား​အော်​ဟစ်​အကူအညီ​တောင်းမိသည်​။ခွေးနက်​ကြီးက​နောက်​မှလိုက်​​နေ၏။ရှောင်​ကျန့်​​ပြေးသည်​။ ​ပြေးရင်းနှင့်​အ​ကြောက်​လွန်​ပြီးလျှိုကြီးတစ်​ခုထဲ ကျသွား၏။

"အမ​လေး​ဗျ"

ခွေးနက်​ကြီးရဲ့ရန်​မှလွတ်​​မြောက်​သွား​ပေမယ့်​ ​ချောက်​ကြီးထဲကျသွားသည်​။

အနမ်းရိုင်း ပန်းရိုင်း S1[Completed]Where stories live. Discover now