Part-9🔞

12.5K 510 30
                                    

အနမ်းရိုင်း ပန်းရိုင်း ep 9🔞

Zawgyi

    မနက်​မိုး​လင်းကတည်းက ထပြီး နံနက်​စာကို​ရှောင်​ကျန့်​ကထပြီး အလိုက်​သိသိနဲ့ ပြင်​ဆင်​​ပေး​နေလိုက်​သည်​။ အိမ်​သန့်​ရှင်း​ရေးနှင့်​တခြား​ဝေယျာဝစ္စအားလုံးလည်း ​ရှောင်​ကျန့်​က ​ပြောစရာတစ်​ချက်​က​လေးမှမရှိရ​အောင်​လုပ်​ထားတတ်​သည်​။

     အင်​မတန်​အလိုက်​သိပြီး ​နေတတ်​ထိုင်​တတ်​တဲ့ ​ကောင်​​လေးပါ။

     ဒီ​လောက်​လိ​မ္မာ​ရေးခြားရှိသည့်​ ​ကောင်​​လေးတစ်​ဦးကို ပိုင်​ဆိုင်​ထားပါလျက်​ တန်​ဖိုးထားရ​ကောင်းမှန်းမသိတဲ့ ညီဖြစ်​သူကို ​ဒေါသထွက်​မိလို့မဆုံး​တော့​ချေ..............

    "ငါ့ကို.....ဘာမျက်​​စောင်းထိုးတာလဲ ဝမ်​နင်း"

    "မင်း မဟုတ်​​သေးပါဘူးကွာ"

    "ငါက ဘာမဟုတ်​တာလဲ"

    "ဒီ​လောက်​ လိ​မ္မာပြီးအလိုက်​သိတတ်​ပြီး ဖြူစင်​တဲ့​ကောင်​​လေးကို မင်းဒီ​လောက်​ထိ မလုပ်​သင့်​ဘူး သူ့ခမျာမင်းနှိပ်​စက်​ထားလို့ မျက်​နှာမှာအရည်​ကြည်​ဥ​တွေ​သွေးစ​တွေနဲ့ သူ့​ခြေ​ထောက်​ကလည်းနာ​နေတုန်း ဒီကြားထဲ မင်း​ကြောင့်​ခါး​အောက်​ပိုင်း​တွေ နာတာနဲ့ မင်းသိပ်​မကြမ်းပါနဲ့ကွာ"

     "ငါ့ကြမ်းသွားတယ်​ဟုတ်​လား မင်းငါ့​နေရာဝင်​ခံစားကြည့်​ပါဦး သူ့အ​ဖေ​ကြောင့်​​သေရတာငါ့အကျဲကွ.....ငါ့အကျဲ"

     "သူ့အ​ဖေ​ကြောင့်​မို့လည်း ငါ​ပြော​နေရတာကွ သူ့အ​ဖေကိစ္စ သူနဲ့ဘာဆိုင်​လို့လဲ မင်း​နောက်​မှ​နောင်​တရ​နေမှာစိုးလို့ ငါကြိုသတိ​ပေးတာ"

     "ငါဘယ်​​တော့မှ ​နောင်​တရမှာမဟုတ်​ဘူး ​နောင်​တရစရာအ​ကြောင်းလဲမရှိဘူး သူ့ကိုငါဒီထက်​နှိပ်​စက်​ပြဦးမှာ"

     "ငါဘာမှမ​ပြော​တော့ဘူး......... ​ဟျောင့်​ ဒါ​ပေမယ့်​ နှိပ်​စက်​တယ်​ဆိုတာလည်း အချိန်​အတိုင်းအတာတစ်​ခု​တော့ ရှိရတယ်​"

     "................."

     "ငါပြန်​​တော့မယ်​ ငါ့ဂျူတီချိန်​နီး​နေပြီ"

အနမ်းရိုင်း ပန်းရိုင်း S1[Completed]Where stories live. Discover now