Part-5

8.6K 553 3
                                    

အနမ်းရိုင်း ပန်းရိုင်း ep 5

Zawgyi

ပါး​ကြောင့်​ သူ့ကိုအကြီးအကျယ်​ လက်​စား​ချေ​တော့မည်​ဖြစ်​သည်​။

"အား...နာလိုက်​တာ...ကျွတ်​...ကျွတ်​"

သစ်​ငုတ်​နှင့်​တိုက်​မိတဲ့ဒဏ်​ရာထက်​ ဝမ်​ရီ​ပေါ်ရဲ့ အထိအ​တွေ့​ကြောင့်​ ပို၍နာကျင်​​နေရသည်​။

"ပါး...သားအဖြစ်​ကိုလာကြည့်​လှည့်​ပါဦး"

ခါး​အောက်​ပိုင်းနာကျင်​မှုနှင့်​ ​ခြေသလုံးရဲ့နာကျင်​ကိုက်​ခဲတဲ့​ဝေဒနာကို ခံစား​နေရ၏။ အာ​ခေါင်​​တွေပူခြစ်​​နေသည်​။တစ်​ကိုယ်​လုံးလဲနာကျင်​ကိုက်​ခဲ​နေ​တော့၏။သူငယ်​ချင်းဖြစ်​သူ ကျန်းချန်​ကိုသာတမ်းတ​နေမိ​တော့သည်​။

"ရီ​ပေါ်​ကော ကျွန်​​တော်​ကိုကယ်​ပါ...ကျွန်​​တော့်​မှာဘာအပြစ်​မှမရှိပါဘူး"

ရှောင်​ကျန့်​ ​အော်​ဟစ်​​တောင်းပန်​​နေမိသည်​။ မခံစားနိုင်​​တော့ ​သေ​တော့မယ်​........

"ကျွန်​​တော့ကို အ​သေသာသတ်​ပစ်​လိုက်​ပါ​တော့"

ရှောင်​ကျန့်​ အသံ​တွေက တုန်​ယင်​လိုက်​ခါ​နေ၏။ သူ ညည်းညူရင်း ​ဝေဒနာ​တွေကို ပြင်းထန်​စွာခံစား​နေသည်​။

"​ကောင်​​လေး မင်း​တော်​​တော်​ခံစား​နေရလား.....မင်းအ​ဖေ​ကြောင့်​ ငါ့ဘဝစုတ်​ပြတ်​သတ်​​နေပြီ မင်းကို ​ကောင်း​ကောင်းဒုက္ခ​ပေးပစ်​မယ်​.....ဟား...ဟား...ဟား"

ရီ​ပေါ်​ကောရဲ့ အသံပဲကြား​နေရပြီး လူကိုမ​တွေ့ရ​ပေ။ ​အော်​ဟစ်​ရယ်​သံကြီးက ဟိန်းထွက်​​နေသည်​။

"ကျွန်​​တော့ကို တစ်ခါတည်း​​သတ်​ပစ်​လိုက်​ပါ ရီ​ပေါ်​ကော"

"မသတ်​ဘူး...မသတ်​ဘူး မင်းမ​သေရဘူး ဦး​ရှောင်​ဇီရဲ့သား ​ဝေဒနာ​တွေခံစား​နေရတာ အရသာခံပြီး ကြည့်​ရမယ်​"

ပါးရယ်​.....ဘာလို့ ကိုယ်​ကျင့်​တရား​တွေ ပျက်​ပြားခဲ့ရတာလဲ...ရီ​ပေါ်​ကော ​ဒေါသ​တွေဖြစ်​တာလည်း အပြစ်​မရှိ​ပေ။

ကျဲဝမ်​ချင်​ကို မ​စော်​ကားသင့်​ဟုပဲထင်​မိသည်​။

မိသားစု အပေါ်လည်း ပါး အကြင်​နာမဲ့ခဲ့တယ်​ ဥ​ပေက္ခာပြုထားတယ်​ သားအ​ပေါ် ပါးမရက်​စက်​​ပေမယ့်​ မားအ​ပေါ် ပါးရက်​စက်​ခဲ့တယ်​..........

အနမ်းရိုင်း ပန်းရိုင်း S1[Completed]Where stories live. Discover now