Part-7
8.1K 489 14
အနမ်းရိုင်း ပန်းရိုင်း ep 7
Zawgyi
   "​ရှောင်​ကျန့်​"
   "​ဗျာ"
   "မင်း ငါ့အနားမှာငါ့​ယောကျာ်းအဖြစ်​ ငါ့ကိုအလုပ်​​ကျွေးပြုရမယ်​"
   "​ဗျာ"
   "ဘယ်​လိုလဲ"
   "ကျွန်​​တော်​​သေချင်​တယ်​.....အ​သေပဲသတ်​ပစ်​လိုက်​ပါလား"
   "မ​သေရဘူး.....မင်းကို တတိတိအရသာခံပြီး ညှင်းဆဲချင်​တယ်​ ငါ့နှလုံးသား​တွေကို မင်းအ​ဖေဓားနဲ့မွှန်းသွားတာ"
   "ရီ​ပေါ်​ကော ဘယ်​​လောက်​ခံစား​နေရမလဲဆိုတာ ကျွန်​​တော်​ကိုယ်​ချင်းစာမိပါတယ်​"
   "ငါနဲ့အကျဲကသိပ်​ချစ်​ကြတဲ့​မောင်​နှမ​တွေ ဒီ​လောကမှာ​ပြေးကြည့်​မှ ဒီ​မောင်​နှမနှစ်​​ယောက်​ပဲရှိတာ မင်းစဉ်းစားကြာည့်​စမ်း မင်းအ​ဖေကငါ့အမကိုမ​တော်​မတရားကြံစည်​ပြီး ငါ့အမမှာမင်းအ​ဖေ​ကြောင့်​ကိုယ်​ဝန်​ရလာတယ်​ အဲ့ကိုယ်​ဝန်​ပျက်​ကျလို့ပဲ ငါ့အကျဲ​သေခဲ့ရတာ"
   "​ဗျာ.........."
  ကိုယ်​ဝန်​ပျက်​ကျလို့​သေတာတဲ့.........
  နှစ်​​ယောက်​သား မျက်​ရည်​များကသိမ်းမရဆည်းမရ......
  ရီ​ပေါ်​ကောကို သူသနားမိသည်​။ ကိုယ်​ချင်းစာမိ​နေသည်​။
  "မင်းငါ့အကျဲထက်​ အဆ​ပေါင်းများစွာမင်းခံစား​စေရမယ်​"
   "ရီ​ပေါ်​ကော"
   "​ပြော"
   "ပါး အတွက်​ ကျွန်​​တော်​ထားရာ​နေ​စေရာသွားပါ့မယ်​ ဒါ​ပေမယ့်​..........ကျွန်​​တော့်​ကို​တော့ ခင်​ဗျား​ယောကျာ်းအဖြစ်​မထားပါနဲ့​နော်​........လုံးဝမသင့်​​တော်​လို့ပါ"
  "ဘာ........"
   ဝမ်​ရီ​ပေါ် ​အော်​လိုက်​မှု​ကြောင့်​  ရှောင်​ကျန့်​ ခန္ဓာကိုယ်​လေးတုန်​ယင်​သွား၏။
အနမ်းရိုင်း ပန်းရိုင်း S1[Completed]Where stories live. Discover now