Part-13
8.2K 468 4
အနမ်းရိုင်း ပန်းရိုင်း ep 13
Zawgyi
    ထူးထူးဆန်းဆန်းပင်​ ရီ​ပေါ်​ကောက ဒီက​နေ့ ထမင်းစားမလာရ​သေးဘူးတဲ့။
    တစ်​ပတ်​ကြာပြီ အပြင်​ကချည်းပဲ စား​သောက်​လာတတ်​တဲ့ ရီ​ပေါ်​ကောက ဒီ​နေ့​တော့ အိမ်​မှာ ထမင်းစားမယ်​တဲ့​လေ။ ​ရှောင်​ကျန့်​မှာ ဝမ်းသာလွန်းလို့ ဘာ​ပြောရမှန်းပင်​ မသိ​တော့။
    ရီ​ပေါ်​ကော စားမယ်​ဆို၍ သူ​ရေချိုး​နေတုန်း ချက်​ထားတဲ့ဟင်း​တွေ ပူ​နွေး​အောင်​ ကမန်းကတန်း​နွှေးမိ၏။ စားပွဲ​ပေါ် စားချင်​စဖွယ်​ဖြစ်​​အောင်​ ပြင်​ဆင်​​ပေးမိသည်​။
   ရီ​ပေါ်​ကောကို ကြည့်​ရတာ အရမ်းကို ဆာ​လောင်​​နေသည့်​ပုံပါပဲ။
   အင်း​ပေါ့​လေ
   အချိန်​ကလည်း နည်းမှမနည်း​တော့တာ။
  အံ့ဩစရာ​ကောင်းတာက ဒီအချိန်​ကြီးအထိ ညစာမစားရ​သေးဘဲ ရီ​ပေါ်​ကော အချိန်​အကြာကြီး ဘာ​ကြောင့်​​နေ​နေရသလဲ ဆိုတာပါပဲ။ တကယ်​ဆို ​စော​စောပြန်​လာသင့်​တယ်​မဟုတ်​လား အခုမှ အူယားဖားယားစား​နေပုံက မြင်​ရသူပင်​ စိတ်​မ​ကောင်းမိ​ချေ။
   ထမင်းနှစ်​ပန်းကန်​​လောက်​ တနင့်​တပိုးကြီး စားပစ်​လိုက်​​သော ရီ​ပေါ်​ကောကိုကြည့်​ကာ အစာမ​ကြေမှာပင်​ ​ရှောင်​ကျန့်​ စိုးရိမ်​​နေမိသည်​။
   ကပျာကယာ ဧည့်​ခန်းထဲတွင်​ထား​သော​ဆေးသေတ္တာဆီသွားကာ အစာ​ကြေ​ဆေးဘူးကို ရှာရသည်​။ အစာ​ကြေ​ဆေးဘူး​တွေ့​တော့ ရီ​ပေါ်​ကောဆီ ပြန်​သွားမိ၏။
   "ရီ​ပေါ်​ကော"
   "ဘာလဲ"
   "အစာ​ကြေ​ဆေး စားလိုက်​ဦး"
အနမ်းရိုင်း ပန်းရိုင်း S1[Completed]Where stories live. Discover now