Part-12

8.2K 472 11
                                    

အနမ်းရိုင်း ပန်းရိုင်း ep 12

Zawgyi

သူ၏ရင်​ခွင်​ကျယ်​ကြီး​ထဲ အိပ်​​ပျော်​​နေ​သော ယုန်​​ပေါက်​​လေး၏နဖူးဆံစ​လေးကို နမ်းရှိုက်​လိုက်​ပြီး ကုတင်​​ပေါ်ကထလိုက်​သည်​။ ထို့​နောက်​ ​ရေမိုးချိုးအဝတ်​စားလဲကာ breakfastမစား​တော့ companyသို့ထွက်​လာခဲ့သည်​။ ယုန်​​ပေါက်​ပြင်​​ပေး​သောbreakfasrtမဟုတ်​​သော​ကြောင့်​ ဗိုက်​​ဟောင်း​လောင်းနှင့်​သာအ​ရေးကြီး meetingရှိ​သော​ကြောင့်​companyထွက်​လာခဲ့ရသည်​။ စိတ်​က​တော့ ယုန်​​ပေါက်​ဆီမှာသာ ကျန်​​နေခဲ့၏.............

"အား.....ကျွတ်​.....ကျွတ်​"

"သတိရလာပြီလား.....ကျန့်​ကျန့်​"

သူ့၏​ဘေးတွင်​ထိုင်​​နေ​သော ဝမ်​နင်း​ကော

".........."

"ကျန့်​ကျန့်​ သတိ​မေ့​နေတာမ​နေ့ညက ကြီးနဲ့"

ဝမ်​​နင်း​ကော မ​နေ့ညကလို့​ပြောမှ သူသတိရမိသည်​။ သူ့ကို တင်းကျပ်​​အောင်​ဖက်​ထားပြီး ငို​နေ​သော ရီ​ပေါ်​ကော ​ရှောင်​ကျန့်​ အပြုံးတစ်​ပွင့်​ဖန်​ဆင်းမိသည်​။

ဝမ်​နင်းမှာ ​ကြောင်​အအ ​ရှောင်​ကျန့်​၏ထိုအပြုံးကို နားမလည်​သည့်​ဟန်​ဖြင့်​...........

"ဝမ်​နင်း​ကော ရီ​ပေါ်​ကော​ရောဟင်​"

"companyသွားပြီ"

"ဪ.....ကျန့်​ကျန့်​ breakfast​တောင်​မပြင်​​ပေးလိုက်​ရဘူး"

"ကျန့်​​ကျန့်​က​နေမ​ကောင်းဘူး​လေ"

"ဒါ​ပေမယ့်​ ကျန့်ကျန့်​ ပြင်​​ပေးချင်​လို့ ရီ​ပေါ်​ကောကို ထမင်းဘူးပို့​ပေးပါလားဟင်​ ကျန့်​ကျန့်​ချက်​ပြုတ်​လိုက်​အုံးမယ်​"

"ကျန့်​ကျန့်​"

"​ဗျာ"

"ရီ​ပေါ်ကို မမုန်းဘူးလား"

"ဟင့်​အင်း"

"ဟင်​.....ဘာလို့လဲ"

"ညကရီ​ပေါ်​ကော ငိုတယ်​ ပြီး​တော့ ရီ​ပေါ်​ကောကို သနားတယ်​"

"သူချစ်​တဲ့သူ​တွေ သူ့အနားကထွက်​သွားမှာကို ​ကြောက်​​နေမိတယ်​​လေ"

အနမ်းရိုင်း ပန်းရိုင်း S1[Completed]Where stories live. Discover now