Part-10

9K 498 13
                                    

အနမ်းရိုင်း ပန်းရိုင်း ep 10

Zawgyi

အိမ်​သန့်​ရှင်း​ရေး​တွေလုပ်​​နေ​သော ​ရှောင်​ကျန့်​ကို ဝမ်​ရီ​ပေါ် မမှိတ်​မသုန်​ကြည့်​​နေသည်​။

ကောင်​​လေးက ရိုးသားပုံပဲ
မတတ်​နိုင်​ဘူး​လေ
ငါ့အကျဲခံစားပြီး​သေခဲ့ရသလို မင်းလဲခံစားပြီး​သေ​စေရမယ်

ဝမ်​ရီ​ပေါ် ​တွေးလက်​စအ​တွေး​တွေကိုဖြတ်​ကာ ဝမ်​နင်းသို့ဖုန်းဆက်​​ခေါ်​လေ​တော့သည်​။

"​ရှောင်​ကျန့်​"

"​ဗျာ"

"ဝမ်​နင်း လာရင်​ငါ့အခန်းကိုလွှတ်​လိုက်​"

"ဟုတ်​ကဲ့"

ဝမ်​ရီ​ပေါ် ​ပြောပြီးသည်​နှင့်​ အိမ်​​ပေါ်ထပ်​သို့တက်​သွား​လေသည်​။
ရှောင်​ကျန့်​မှာ သူ့အလုပ်​သူသာပြန်​ဆက်​လုပ်​​နေ၏။

ခဏကြာ​သော်​...........

"တီ.....တီ"

"​ဟော.....ဝမ်​နင်း​ကောလာပြီ"

ခြံထဲက ကားဟွန်းတီးသံ​ကြောင့်​ ဝမ်​နင်းမှန်း​ရှောင်​ကျန့်​သိ​လေသည်​။

"Hi ​ရှောင်​ကျန့်​"

"ဟုတ်​ကဲ့​ ဝမ်​နင်း​ကော ​ဆေးရုံမသွား​သေးဘူးလား"

"အင်း သွားမှာ ရီ​ပေါ်​ခေါ်လို့ခဏလာတာ ပြီးရင်​ ​ဆေးရုံးတန်းသွားမှာ"

"ဪ.....ဟုတ်​ကဲ့ ရီ​ပေါ်​ကော သူ့အိပ်​ခန်းမှာ​စောင့်​​နေတယ်​"

"ဪ.....အင်း ဒါဆိုကိုယ်​သွားလိုက်​ဦးမယ်​"

"..........."

ဟုတ်​ကဲ့​ ဆိုတဲ့အမူအရာနဲ့သာ နှုတ်​ဆက်​လိုက်​သည်​။

ဝမ်​နင်း ​လှေကား​လေးအတိုင်းတက်​လာပြီး ရီ​ပေါ်အခန်းတံခါးကိုဖွင့်​၍ ဝင်​လိုက်​ပြီး.............

"မင်းငါ့ကိုဘာအ​ရေးကြီးကိစ္စရှိလို့​ခေါ်ရတာလဲ မြန်​မြန်​​ပြောငါအချိန်​မရဘူး ဒါမှမဟုတ်​ မင်း​ကောင်​​လေးကိုအိမ်​ပြန်​ပို့​ပေး​တော့မလို့လား"

"​ပေါက်​တတ်​ကရ​တွေမ​ပြောနဲ့ သူကငါ့အပိုင်​ ငါ့အနားမှာပဲတစ်​သက်​လုံး​ခေါ်ထားမှာ"

အနမ်းရိုင်း ပန်းရိုင်း S1[Completed]Where stories live. Discover now