
2.9K 92 2
                                    

21ရာစု ဂျိုဆွန်းခေတ် အလယ်ပိုင်း ရှီလာမြို့နယ်၏ အလယ်တည့်တည့်တွင် အုတ်တံတိုင်းများကာရံထားသည့် သာမန်လူတန်းစားမဟုတ်တဲ့ မင်းညီမင်းသားနေထိုင်ရာ နန်းတော်ထဲတွင် သန်ခေါင်ရံ အချိန်၌ ထွက်ပေါ်လာတဲ့ကလေးနှစ်ယောက်ရဲ့အော်ငိုသံ နန်းတော်ထဲတွင်တည်ရှိနေသော်လည်း နေထိုင်ရာနေရာမတူညီခဲ့ ကလေးနှစ်ယောက်ရဲ့အော်ငိုသံဟာ နန်းတွင်းထဲမှလူအများလှုပ်လှုပ်ရှားရှားဖြစ်ကုန်
ကြသည် သမားတော်အသံနှင့်အတူ ယောင်္ကျားသားနှစ်ယောက်ရဲ့စိုးရိမ်ပူပန်နေပုံလည်းတွေ့မြင်ခဲ့ရသည့်နေ့တစ်နေ့ပင် ထိုအချိန်၌ထွက်ပေါ်လာသောသမားတော်၏စကားတစ်ခွန်းသည် ယောင်္ကျားသားတစ်ယောက်၏စိတ်ပူပန် မှုကိုလျှော့ချနိုင်ခဲ့သည်

"ဂုဏ်ယူပါတယ် စစ်သူကြီး သားတော်လေးဖွားမြင်ခဲ့ပါတယ်" သမားတော်ရဲ့စကားအဆုံး အေးချမ်းစွာပြုံးလာတဲ့ ယောင်္ကျားသား အများခေါ်ဘုရင့်အတွက်စစ်မှုတော်ထမ်းရွက်နေရသော စစ်သူကြီး အချိန်တိုင်းတည်တည်တံတံသာနေလာသော စစ်မှုထမ်း၏ အပြုံးသည် အနားရှိလူသားများအတွက်တော့ အထူးအဆန်းပဲ  5မိနှစ် အကြာလူများလှုပ်လှုပ်ရှားရှားဖြစ်လာသည်ကြောင့် စစ်သူကြီးတစ်ယောက်မဆိုလောက်သောအပြုံးကိုပြုံးမိပေသည် မိမိ၏သူငယ်ချင်းလည်းဖြစ်မိမိတာဝန်ထမ်းဆောင်နေသော နိုင်ငံကိုကြီးစိုးနေ‌ရသေဘုရင်ထံတွင်လည်းပျော်ရွှင်စရာကိစ္စရှိနေတော့မှာ အမှန်ပင်

"ဂုဏ်ယူပါတယ်အရှင်မင်းကြီး သားတော်လေးကိုအောင်မြင်စွာမွေးဖွားနိုင်ခဲ့ပါတယ် အရှင်မင်ကြီး"  သမားတော်စကားကြောင့် လူအများကလည်း ဂုဏ်ပြုပေးကြလေသည် နိုင်ငံတော်ကိုအုပ်ချုပ်ရသောမင်းကြီးဖြစ်တာ
ကြောင့် အပြုံးဟူသည်မှာ မမြင်ရလောက်ကိုပျောက်ကွယ်ပြီး နိုင်ငံတော်နှင့်ပြည်သူအတွက်သာ ဦးစားပေးခဲ့သည့် မင်းကြီး၏ အပြုံးသည်ယနေ့အပြုံးလောက် လှပမည်မထင်ခဲ့ပေ..................

နန်းတော်ထဲရှိ မနက်ခင်းသည် ကလေးငယ်နှစ်ယောက်၏ "အူဝဲ အူဝဲ" ဟူသောအော်မြည်သံသည် နေ့စဉ်ကြားရသည့် နန်းတော်၏ ဆည်းလှည်းသံလေးများသာဖြစ်ပေသည်......

ချစ်သည်ထက် ပို၍ချစ်ခဲ့သည် (ချစ်သည်ထက် ပို၍ချစ်ခဲ့သည် )Where stories live. Discover now