ချစ်သည်ထက်ပို၍ချစ်သည် 18

542 70 18
                                    

လူ့ဘ၀ကိုတောင်မရောက်သေးတဲ့ကလေးတစ်ယောက်ကို မနာလိုဝန်တိုမှုတွေရှိနေတဲ့ ကျွန်တော်ကိုယ်တိုင်လည်းရွံရှာမုန်းတီးသည်

🏰🏰🏰🏰🏰🏰🏰🏰🏰🏰🏰

ဘဲ့ဂျယ်ကနေပြန်လာပြီးကတည်းက JiEun ဘေးနားမှာပဲနေပြီးစောင့်‌ရှောက်မိသည် ကျွန်တော့်ရဲ့ပထမဦးဆုံးသော ကျွန်တော်ရင်သွေးကို ထမ်းဆောင်ထားရသည့်သူမအပေါ်ပိုပြီးဂရုဏာသက်မိသည်

"JiEun ဘာစားချင်လည်း အထိန်းတော်ကြီးကိုလုပ်ခိုင်းလိုက်မယ်လေ"

"တော်ပြီ Chan စားချင်စိတ်မရှိဘူး"

"စားချင်တဲ့ဟာရှိရင်ပြောနော် ကိုလုပ်စရာလေးတွေရှိလို့"

လုပ်စရာရှိတယ်ဆိုပြီးရှောင်ထွက်လာခဲ့သည် Baekhyun အကြောင်းတွေ ကိုယ်ရံတော် Kim ပြောလို့ ကြားရပါတယ် ငယ်ငယ်လေးကတည်းကပေါင်းသင်းလာတာကြောင့် သူဘာကြိုက်တတ်လည်းဆိုတာ မိမိကိုယ်တိုင်သာသိသည်

"ကိုယ်ရံတော် Kim ခရုဆန်ပြုတ်နှစ်ပွဲလောက်ကို အထိန်းတော်ကြီး ကိုလုပ်ခိုင်းလိုက်ပါ"

"အမိန့်တော်တိုင်းပါ"

🏯🏯🏯🏯🏯🏯🏯🏯🏯🏯🏯

"မင်းကြီး"

"ရူးးးး တိုးတိုးတိတ်တိတ်နဲ့ထွက်သွားလိုက်ပါ ကိုယ်ရံတော် Kim ကိုအမိန့်ပေးခဲ့တယ် သူပြန်ပြောပြလိမ့်မယ် "

"အမိန့်တိုင်းပါ မင်းကြီး"

ပြတင်းပေါက်ဘက်ကို မျက်နှာမူထိုင်နေသည့် Baekhyun မျက်နှာမှာလည်း ၀မ်းနည်းမှုများအပြည့် အစားမစားတာဘယ်နှစ်ရက်တောင်ရှိပြီလဲမသိ မျက်နှာဖောင်းဖောင်းလေးကအရင်ကလို တည်ရှိမနေတော့ပေ

"ဘာတွေအဲ့လောက်တွေးနေတာလဲ"

"အဲ Yeol အဲမှားလို့ မင်းကြီး"

"ဘာကိစ္စများလည်းမသိဘူး"

"ကိစ္စရှိမှ လာရမယ့်ဆက်ဆံရေးလား"

"မ မဟုတ်ပါဘူး"

"မင်းကြီး အမိန့်တိုင်းပြုလုပ်ပြီးပါပြီ"

"ယူလာခဲ့ပါ"

အထိန်းတော်ကြီးလက်ထဲတွင်ကိုင်လာသော ရွှေလင်ဗန်းထဲတွင် အနံများနှင့်မွှေးကြိုင်သင်းပျံနေသည်

ချစ်သည်ထက် ပို၍ချစ်ခဲ့သည် (ချစ်သည်ထက် ပို၍ချစ်ခဲ့သည် )Where stories live. Discover now