ချစ်သည်ထက်ပို၍ချစ်သည် 29

598 58 7
                                    

အရှုံးမပေးပဲဆက်ပြီး ကြိုးစားမှာ မို့ ကိုယ့်ကြိုးစားမှုကိုယုံကြည်မယ့် နေ့ကိုစောင့်နေပါ့မယ် Baekhyun

"ဦးလေး ဂယ်ရီတို့ သိနေတယ်မို့လား"

"ဘာကိုလဲ ဦးလေးတို့က ဘာကိုသိရမှာလဲကွယ်"

"Chanyeol ဒီကိုရောက်နေတယ်ဆိုတာ ဦးလေးတို့နှစ်ယောက်သိနေတယ်မို့လား"

"အမှန်တိုင်းပြောပါ့မယ် ဦးလေးတို့လည်း မနေ့က ရွာဈေးတန်းဘက်ကို သွားရင်းနဲ့တွေ့ခဲ့တာ "

"ဒီနေ့သူလာမယ်ဆိုတာလည်း ကြိုသိနေတယ်ပေါ့"

"ဦးလေးတို့ကူညီပေးလိုက်တာပါ Chanyeol လေးက သားအပေါ် ချစ်နေသေးတယ်ဆိုတာ ဦးလေးတို့သိနေလို့ ကူညီပေးလိုက်တာပါ"

"ကျွန်တော်ကရော ကျွန်တော်နာကျဉ်ခဲ့ရတာတွေအတွက်ရော ကျွန်တော်က ဘာမှအရေးမပါဘူးလား?"

"အဲ့လိုမဟုတ်ပါဘူးကွယ် အဒေါ်တို့ကလည်း သားတို့နှစ်ယောက် အဆင်ပြေအောင်လို့ပါကွယ်"

"ဘာပဲဖြစ်ဖြစ်ဗျာ သူ့ကိုတွေ့ဖို့အဆင်သင့်မဖြစ်သေး"

******************

"ဦးလေးတို့နှစ်ယောက်ကို တစ်ခုလောက်အကူညီတောင်းပါရစေ"

"ဦးလေးတို့လုပ်ပေးနိုင်တဲ့ဟာဆို အကုန်လုပ်ပေးမယ်သား ဘာအကူအညီလိုလည်းပြော"

"ဒီရွာထဲမှာ ဂယ်ရီနဲ့ဂျီဟိုဆိုတဲ့ ဇနီးမောင်နှံနှစ်ယောက်အိမ်ကိုသိကြလား"

"သူတို့မျိုးရိုးနာမည်တွေမသိဘူးလား ဦးလေးတို့ရွာရဲ့ ဓလေ့လို့ပြောရမလား နာမည်ကို သိပ်ပြီးမှတ်လေ့မှတ်ထမရှိဘူး မျိုးရိုးနာမည်ကိုပဲမှတ်သားကြတာ များတယ်"

"ဂန် မျိုးရိုးနဲ့ ဆုန်းမျိုးရိုးပါ "

"အာ ဂန်မျိုးနွယ်ရဲ့ သား ဂယ်ရီကို‌ပြောတာ
လား "

"ဟုတ်တယ် ဟုတ်တယ် သူတို့အိမ်ကိုသိကြလား"

"သိတာပေါ့ကွ ဂန်မျိုးရိုး ကိုတစ်ရွာလုံးသိကြတယ် သဘောကောင်းပြီး ရက်ရောတာလည်းပါတာပေါ့ကွာ မကြာခင်ကမှ ဂန်မိသားစုရဲ့ သားငယ်ပြန်ရောက်လာတာ ကောင်လေးတစ်ယောက်တောင်သူတို့နဲ့ပါလာ
သေးတယ် သူတို့အိမ်ကိုသွားချင်ရင်လွယ်ပါတယ်ကွယ် အိမ်ရှေ့ကလမ်းတိုင်းတည့်တည့်သွား ညာဘက်ကိုကွေ့တဲ့လမ်းကိုတွေ့လိမ့်မယ် လမ်းထောင့်က အိမ်လေးက ဂန်မျိုးရိုးအိမ်ပဲ
သားတို့ကသိနေကြတာလား"

ချစ်သည်ထက် ပို၍ချစ်ခဲ့သည် (ချစ်သည်ထက် ပို၍ချစ်ခဲ့သည် )Where stories live. Discover now