ချစ်သည်ထက်ပို၍ချစ်သည် 28

547 60 3
                                    

"အထိန်းတော်ကြီး ဂယ်ရီ နဲ့ ဂျီဟို"

"မင်းကြီး!!!"

"‌ကျွန်တော်ထင်တာမှန်နေပြီထင်တယ်"

"မင်းကြီးက ဘယ်လိုလုပ်ဒီကို~"

"ခင်ဗျတို့က ခေါ်သွားမှတော့ လိုက်ရှာရမှာကျွန်တော့် တာဝန်မဟုတ်ဘူးလား"

"တောင်းပန်ပါတယ် ဒီချိန်မှာ တောင်းပန်စကားက လွဲပြီး ပြောစရာ စကားမရှိတော့ပါဘူး"

"တခြားနေရာမှာ ပြောကြတာပေါ့ ဒီနေရာက လူများတော့ သိပ်အဆင်မပြေဘူး"

"အမိန့်တိုင်းပါ"

အထိန်းတော်ကြီးတို့ လင်မယားနှစ်ယောက်ကို ခေါ်ပြီး လူရှင်းတဲ့နေရာ ရောက်မှခြေလှမ်းတို့ကို ရပ်တန့်လိုက်သည်

"မင်းကြီး"

"ဘာလို့လဲ~ အရာအားလုံးအဆင်ပြေခါနီးမှ"

"တောင်းပန်ပါတယ်"

"အခုချိန်မှာ တောင်းပန်ခိုင်းတာမဟုတ်ဘူး ဦးလေးဂယ်ရီ အကြောင်းပြချက် ကိုပဲသိချင်တယ် ဘာလို့ခေါ်ထုတ်သွားခဲ့တာလဲ"

"......"

"ဦးလေးတို့မပြောချင်မှတော့ Baekhyun ကို ကျွန်တော်ကိုယ်တိုင်သွားမေးရုံပေါ့"

"သခင်လေး နဲ့တွေ့ပြီးသွားကြပြီလား"

"မနေ့က တွေ့လိုက်တာ"

"မင်းကြီး Byun Baekhyun ဆိုတဲ့ သခင်လေးက ငယ်စဉ်ကတည်း က ကျွန်တော်မျိုးတို့လက်ပေါ်မှာကြီးပြင်းခဲ့တဲ့
ကလေးတစ်ယောက်ပါ သားသမီးမဖွားမြင်နိုင်တဲ့ ကျွန်တော်မျိုးတို့ လင်မယားနှစ်ယောက်အတွက်တော့ သားသမီးအရင်းအချာတစ်ယောက်လိုပါပဲ ဘယ်မိဘမဆို ကိုယ့်သားသမီးကို စိတ်ချမ်းသာစေချင်ကြတယ်ဆိုတာ မင်းကြီးလည်း နားလည်မှာပါ  အခုလုပ်ခဲ့တဲ့အဖြစ်အပျက်အတွက် မင်းကြီးဘက်က နစ်နာမယ်ဆိုတာသိပါတယ် ဒါပေမယ့်ကျွန်တော်မျိုးတို့လုပ်ရပ်အတွက်
လည်းနာတရခြင်းမရှိပါဘူး အပြစ်ပေးမယ်ဆိုရင်လည်း ကျွန်တော်မျိုးတို့နှစ်ယောက်သာ ပေးသနားပါ သခင်လေးနဲ့ဘာမှမဆိုင်တဲ့ကိစ္စမို့ပါ ဒီချိန်မှာ မင်းကြီးကိုပြောနိုင်တာက ပါးစပ်၁၀ပေါက် ပါတယ်ဆိုရင်တောင် တောင်းပန်ပါတယ် ကလွဲပြီး ပြောစရာစကားမရှိတော့ပါဘူး"

ချစ်သည်ထက် ပို၍ချစ်ခဲ့သည် (ချစ်သည်ထက် ပို၍ချစ်ခဲ့သည် )Where stories live. Discover now