ချစ်သည်ထက်ပို၍ချစ်သည် 6

527 54 0
                                    

အရာအားလုံးကိုရေကုန်ရေခန်းစတင်ခဲ့ပြီးမှ
ပြိုလဲမယ့်အချိန်ကျရင် ခံရတဲ့သူကနာကျင်မှုအပြင်ဘာရရှိနေသေးလဲ

......................................................
Yeolရဲ့ ဖခင် တစ်နည်းအားဖြင့်ဆိုလျှင် နိုင်ငံအုပ်ချုပ်နေတဲ့ မင်းကြီး သက်တော်လည်းကြီးနေပြီဖြစ်တာကြောင့် ကျန်းမာရေးတို့ကချို့တဲ့လာသည် အရင်နှစ်စဉ်ကတည်းကခင်တွယ်လာတဲ့သံယောစဉ်တွေကြောင့် နှစ်ဦးနှစ်ဖက်သဘောတူပြီး ကတိသစ္စာထားရှိခဲ့ကြသည့် အရာကိုလုပ်ဆောင်ဖို့အတွက်ကြိုတင်ပြင်ဆင်နေရသည် ရှေးစဉ်ဆက်ကတည်းက သစ္စာကြီးမားလှတဲ့ စစ်သူကြီးတွေကြောင့် ထားရှိတဲ့ကတိ သားသမီးထိမ်းမြားရေးကိစ္စသာဖြစ်သည် အရင်ကမခက်ခဲပေမယ့် အခုချိန်မှာတော့ ခက်ခဲလှသည် နှစ်ဖက်လုံးသည် သားရှင်တြွေဖစ်နေလို့ပင် အတော်ပင်စဉ်းစားယူခဲ့ရသည် ငယ်ငယ်လေးနှင့်မိခင်ဆုံးရှုံးခဲ့ရသည့်သားကို ဖခင်ဖြစ်သည့်သူ မြတ်နိုးသည် ယုံကြည်သာ အရာရာမှာအားကိုးခဲ့သည် သားဖြစ်ချင်တာတစ်ခုကို အရာအားလုံးဖြစ်အောင်ပြုလုပ်ပေးနိုင်ခဲ့သည်
ယနေ့တော့သားကိုနားချပြီး မင်္ဂလာပွဲကိုဖြစ်မြောက်ပြုလုပ်ရမယ် သားနဲ့အတူတူစိတ်ချနိုင်သည့်သူက Baekhyunတစ်ယောက်သာရှိသည်

'စစ်သူကြီး Byunကို နန်းဆောင်ထဲဝင်ဖို့ သွားခေါ်ခဲ့ပါ အထိန်းတော်ကြီး'

Byun အိမ်တော်⛪⛪

"မင်းကြီးကနန်းတော်ကိုအခစားဝင်ခဲ့ဖို့ ပြောကြားခိုင်းလိုက်လို့ပါ သခင်လေး Byunကိုလည်း အတူအခစားဝင်ဖို့မှာကြားလိုက်ပါသေးတယ် စစ်သူကြီး"

စစ်သူကြီးအဖြစ်ကရပ်နားထားသော်လည်း အဖေကိုတွေ့တိုင်း နန်းတွင်းထဲကလူ‌တွေကစစ်သူကြီးလို့သာခေါ်တွင် ကြသည်ထိုအရာသည် အကြောင်းမဟုတ် မိမိနာမည်ပါနေသည်ကြောင့် Baekhyunနည်းနည်းတော့လန့်မိသည်

🏰🏰🏰🏰🏰🏰🏰🏰🏰🏰🏰

"မင်းကြီးစစ်သူကြီးတို့ရောက်ရှိကြောင်းပါ"

"၀င်လာခဲ့လိုက်"

ငယ်ငယ်တုန်းကမြင်နေကြမင်းကြီးရဲ့ မျက်နှာနဲ့ အရင်လိုနုပျိုခြင်းတွေရှိမနေတော့ပေ နုပျိုခြင်းတွေအစား သက်တော်ကြီးရင့်ပြီဖြစ်တာကြောင့် အရေးအကြောင်းများကနေရာယူနေသည်

ချစ်သည်ထက် ပို၍ချစ်ခဲ့သည် (ချစ်သည်ထက် ပို၍ချစ်ခဲ့သည် )Where stories live. Discover now