ချစ်သည်ထက်ပို၍ချစ်သည် 26

570 59 8
                                    

မနက်ခင်းနေရောင်ခြည်နဲ့အတူ လှုပ်ရှားသွားလာနေသည် လူသားများရဲ့အသံကြောင့်နှိုးထလာခဲ့သည့် Chanyeol.

"ကောင်းကောင်းအိပ်ပျော်ရဲ့လား သခင်လေး"

"မင်းကျေးဇူးကြောင့်ပါ ကိုယ်ရံတော်Kim"

"ကျွန်တော်လုပ်ပေးရမယ့်တာဝန်တွေပါပဲ ကျေးဇူးတင်တာ မခံယူဝံပါဘူး"

"ဟား~ဟား ဟုတ်ပါပြီ

ဘယ်ချိန်ထွက်ကြမလဲ"

"မနက်စာသုံးဆောင်ပြီးတာနဲ့ စထွက်မှာပါ နေမပူခင်သွားတာ သခင်လေးအတွက်ပိုပြီးကောင်းမယ်ထင်လို့ပါ"

"ဟုတ်ပြီ မနက်စာသုံးဆောင်ပြီးသွားကြတာပေါ့"

"ဟုတ်ကဲ့ မင်း~သခင်လေး"

တစ်လှမ်းချင်းပဲလှမ်းလာမှာမို့ ကို့ကို လက်ခံဖို့ပြင်ထားပါ Baekhyun

🏞️🏞️🏞️🏞️🏞️🏞️🏞️🏞️🏞️🏞️🏞️

"သခင်လေး ချော်လဲမယ် ဖြေးဖြေးသွားပါ"

"မိပြီ "

မကြာခင်လက်ထဲက ပြန်ခုန်ထွက်သွားပြီးအလျင်အမြန်ကူးခတ်သွားတဲ့ ရွှေရောင်‌ငါးလေး

"ရားးးးး လွှတ်သွားပြီ ဘာလို့ဖမ်းရတာအဲ့လောက်ခက်နေရတာလဲ"

"သခင်လေးရယ်ဒီလိုပါပဲ အစမို့လို့ဖမ်းရတာခက်ခဲနေတာ နောက်ပိုင်းလွယ်ကူသွားပါလိမ့်မယ်"

"နောက်မှ မင်းနဲ့ငါနဲ့တွေ့မယ်"

စမ်းချောင်းထဲမှာကူးခတ်နေတဲ့ ငါးများကြည့်ပြီးစကားပြောနေသည့်ကောင်လေးကိုကြည့်ကာ ရယ်မောနေတဲ့ ဂယ်ရီနဲ့ဂျီဟို တို့လင်မယားနှစ်‌ယောက်

"အေးချမ်းတယ် ဒီလိုနေရာမျိုးမှာ စားသောက်နေထိုင်ရမယ်လို့တစ်ခါမှမတွေးဖူးဘူး"

"မလွမ်းဘူးလား မတွေ့ချင်ဘူးလား"

"လွမ်းတယ် ပြေးတွေ့ချင်မိလောက်တဲ့ထိ အဲ့တာတစ်ချိန်တုန်းကပါ အခုချိန်မှာ သူ့မိသားစုလေးနဲ့ပျော်ရွှင်နေတာပဲ စိတ်မချစရာရှိလို့လား အဒေါ်ဂျီဟိုကလည်း"

"ပျော်ရွှင်ရတယ်ဆိုရင်ကို လုံလောက်ပါပြီ"

"နောက်ရက်တွေလည်းထပ်လာရအောင် ကျွန်တော်လာချင်သေးတယ် ဖြစ်နိုင်ရင် ဒီတောတောင်နဲ့ စမ်းချောင်းလေးနားမှာပဲ နေချင်တယ် ဒါပေမယ့် ကျွန်တော်အစာငတ်သွားလိမ့်မယ်"

ချစ်သည်ထက် ပို၍ချစ်ခဲ့သည် (ချစ်သည်ထက် ပို၍ချစ်ခဲ့သည် )Where stories live. Discover now