ချစ်သည်ထက်ပို၍ချစ်ခဲ့သည် 2

936 79 6
                                    

စကားတစ်ခွန်းက ဘာရယ်မဟုတ်ပြောလိုက်ပေမယ့် ချစ်ခင်နှစ်သက်သူအတွက်တော့ ပျော်စရာလည်းကောင်းသလို နာလည်းနာကျင်နိုင်တယ်❤️

..............................................
'စာကမင်းလောက်စိတ်ဝင်စားဖို့‌မကောင်းဘူး Yeol'

Baekhyun ပြောတဲ့စကားရဲ့အဓိပ္ပာယ် Chanyeol အရင်ကတည်းကရိပ်မိခဲ့ရင် ကိစ္စတွေကကြီးထွားလာမှာ မဟုတ်ခဲ့

'Baekhyun မင်းအဲ့လိုလုပ်နေမယ်ဆို မင်းကိုရှင်းပြမယ့်အစား ခခယယတောင်းဆိုနေတဲ့ Yuriကိုသွားရှင်းပြတာမှ ဟုတ်သေးတယ်'

ဒေါသသံအနည်းငယ်နဲ့ပြောလိုက်သည့် Chanyeol  

'နောက်ရက်ကစပြီးလာစရာမလိုတော့ဘူး Chanyeol မင်းတွက်အကျိုးရှိမယ့် Yuriကိုသာ စာသွားရှင်းပြလိုက်'

မေးထောက်ကြည့်နေတဲ့လူက ချက်ချင်းထပြီးနှင်ထုတ်သည့်အတွက်ကြောင့် Chanyeolမော့ကြည့်မိသည် ရုပ်တရက်ကြည့်လိုက်လို့လားမသိ Baekhyunမျက်ဝန်းအိမ်ထဲမျက်ရည်စများခိုတွဲနေသည်မှာအထင်အရှား Chanyeol စကားပြောမှားမှန်းသိတာကြောင့် ဖြေရှင်းရန်စကားစရှာမိသည်

'Baekhyun ငါကမင်းကိုကောင်းစေချင်လို့...'

ပြောနေတဲ့စကားတောင်မဆုံးသေး အခန်းထဲကထွက်သွားသည့် Baekhyun မကြာမီထွက်ပေါ်လာတဲ့စကားသံ

'အိမ်ရှေ့စံမင်းသားကိုခေါ်သွားလို့ရပါပြီ အထိန်းတော်ကြီးKim နောက်ရက်ကစပြီး Byunအိမ်တော်ကိုလာစရာမလိုတော့ပါဘူး'

ပြောချင်တာပြောပြီးထွက်သွားသည့် Byun အိမ်တော်ရဲ့တစ်ဦးတည်းသော သခင်လေး Baekhyun နှစ်ယောက်သားပြဿနာဖြစ်လာသည်ကို အနည်းနဲ့အများရိပ်မိပါတယ်
Chanyeol လည်းသွားမရှာမိ မိမိရဲ့စာအုပ်တွေသာသိမ်းပြီး အရှေ့နန်းဆောင်ကိုပြန်လာမိသည်

မနက်ခင်း အာရုဏ်တက်ချိန်ကတည်းက နန်းတော်အတွင်းလှုပ်လှုပ်ရှားရှားဖြစ်နေသည်မှာ နေ့တိုင်းလိုလိုပင် သို့သော်ဒီနေ့ကတော့ ခါတိုင်းနဲ့မတူ ထူးခြားလှသည် အရင်နေ့များတွင် သခင်လေး Byunဆိုသည့် အမည်နာမသည် Chanyeolတို့ မနှိုးခင်ကတည်းက ကြားနေရသည့်အသံတွေသည် ဒီနေ့တော့ပျောက်ရှနေသည် Chanyeolအတွက်‌ထွေထွေထူးထူးမဟုတ်တာကြောင့်ဂရုစိုက်မနေခဲ့ မင်းညီမင်းသားတွေနဲ့ အမတ်တို့ရဲ့သားသမီးတွေ ပညာသင်ကြားရေးအတွက်နန်းတော်မှာစီစဉ်ပေးထားသည်
ပညာသင်ကြားချိန်သာပြီးသွားခဲ့သည် Baekhyunရောက်မလာခဲ့ အရင်နေ့များကမိမိအနား တောက်တဲ့လိုကပ်နေတတ်သည့်သူက မနေ့က ကိစ္စကိုစိတ်ဆိုးမပြေသေးဘူးထင်သည် နေ့လယ်စာတောင် မသုံးဆောင်နိုင်ပဲ နန်းတော်ထဲမှ ကိုယ်ရံတော် Minနဲ့အတူ Byunအိမ်တော်သို့ထွက်လာခဲ့သည်
Byunအိမ်တော်ရောက်သော်လည်း မိမိလိုချင်သည့်အဖြေမရခဲ့

ချစ်သည်ထက် ပို၍ချစ်ခဲ့သည် (ချစ်သည်ထက် ပို၍ချစ်ခဲ့သည် )Where stories live. Discover now