part3☕

13.2K 1.1K 26
                                    

ရိ​ပေါ် အချစ်​ရဲ့ဆိုင်​ကိုလာ​တော့
ဆိုင်​ပိတ်​သည်​ဆိုတဲ့ဆိုင်းဘုတ်​​လေးသာမြင်​ရသည်
အမြဲတမ်းဆိုင်​မြဲတဲ့သူ့ရဲ့အချစ်​က
ဘာလို့ဆိုင်​ပိတ်​ထားတာလည်း

စိတ်​ပူတာ​ကြောင့်​ ဒီ​နေ့စီးလာတဲ့ဆိုင်​ကယ်​​ပေါ်တတ်​ပြီး
အချစ်​ရဲ့ အိမ်​သို့​မောင်းလိုက်​သည်
ကျိရန်​တို့စုံစမ်း​ပေးထားတာက
တိကျမယ်​ဆိုတာသူသိတယ်
အချစ်​က မိဘ​တွေမရှိ​တော့ဘဲ တစ်​​ယောက်​တည်းရုန်းကန်​​နေရသည်​ဆို​တော့
စိတ်​မ​အေးနိုင်​ တစ်​ဦးတည်း​သောသားမို့ အိမ်​မှာလည်းတစ်​​ယောက်​ပဲ​နေထိုင်​သည်​တဲ့
အိမ်​ရဲ့လိပ်​စာပါအတိကျ​ပေးထားတာမို့ အခက်​ခဲမရှိ
ပြီး​တော့အချစ်​ရဲ့ နာမည်​​ပေါသိခဲ့ရ​သေးသည်

ရောက်​ရှိလာတဲ့အချစ်​ရဲ့ အိမ်​​ရှေ့မှာ
ရိ​ပေါ်ဆိုင်​ကယ်​ထိုးရပ်​လိုက်​သည်
အိမ်​​လေးက တစ်​ထပ်​အိမ်​​လေး
ကြီးလည်းမကြီး ​သေးလည်းမ​သေး
တစ်​​ယောက်​ထဲအတွက်​​တော့ဆို​တော့
တော်​​တော်​​လေးကျယ်​ဝန်းတယ်​ အိမ်​​ရှေ့မှာလည်းပန်းမျိုးစုံနဲ့

*အချစ်​က ပန်းစိုက်​တာလည်းဝါသနာပါတာပဲလား*

ခြံတခါး​လေးကဖွင့်​ထားတာမို့ ရိ​ပေါ်ဝင်​သွားလိုက်​သည်
အိမ်​တံခါး ကိုဘဲလ်​တီး​တော့ လူကထွက်​မလာ
သာသာ​လေးတွန်းကြည့်​​တော့ တံခါး က​စေ့ရုံ​လေးပဲမို့
ကိုယ့်​ဘာသာပဲဝင်​သွားလိုက်​သည်

"အချစ်​...အချစ်​​ရေ.."

ရိ​ပေါ်​အော်​​ခေါ်​နေတာ​တောင်​ အသံမကြားရ
အိမ်​တံခါး​တွေလည်းဖွင့်​ထားပြီး
အချစ်​ကဘယ်​​ရောက်​​နေတာလည်း
ဆိုင်​ကိုလည်းမလာပဲ အချစ်​တစ်​​ယောက်​နဲ့​တော့ ခက်​တာပါပဲ

ရိ​ပေါ် ပြန်​လှည့်​မယ်​လုပ်​တုန်း အခန်းထဲက
အသံကြားလိုက်​တာမို့ အမြန်​ဝင်​လိုက်​သည်
သူခိုးများလား​ပေါ့

ဒါ​ပေမဲ့ အဲ့လိုမဟုတ်​ဘဲ
စောင်​ထဲမှာ​​ဘောလုံး​လေးလို​ကွေးပြီး
မျက်​နှာ​လေးပဲ​ပေါ်တဲ့အချစ်​ စားပွဲ​ပေါ်က ပြုတ်​ကျသွားသည့်​​အရာက​ဆေးဘူး​လေးဖြစ်​မဲ့ပုံ​ပေါ်တယ်

လေနှင်​ရာက အချစ်​ဆီသာ(complete)Where stories live. Discover now