part30☕

9.7K 642 24
                                    

"အချစ်​ ဘာဖြစ်​လို့လည်း ဘာလိုချင်​လို့လည်း.."

အချစ်​ကို သူအိမ်​ပြန်​​ခေါ်ခဲ့ပြီ​လေ
ဒီ​ရောက်​​တော့ အချစ်​ကအရင်​လိုလန်းလန်းဆန်းဆန်း
ရှိမ​နေ.ဆိုဖာ​ပေါ်မှာ ငြိမ်​ငြိမ်​​လေးထိုင်​​နေပြန်​သည်
သူမီးဖိုခန်းက​နေ အချစ်ြ​ကိုက်​တတ်​တဲ့
အသီး​လေး​တွေခွဲပြီး အ​ရှေ့ကိုချ​ပေး​တော့
ယူမစားတာမို့ အချစ်​ရဲ့​ဘေးနား​လေးမှာ
.ထိုင်​ပြီး​မေးမိတယ်

"ဟင့်​အင်း ​မောင်​ ငါ့စိတ်​ထဲမှာ.တစ်​ခုခုလို​နေသလိုပဲ..
ဘာမှန်း​တော့မသိဘူး. ထားလိုက်​ပါ​တော့
မောင်​ကအလုပ်​မသွားဘူးလား.."

မျက်​နှာ​လေးမှိုင်း​နေတဲ့အချစ်​က
ပန်းကန်​ထဲကအသီးတစ်​စိတ်​ကိုယူစားရင်း
သူ့ကိုပြန်​​ဖြေလာသည်

"မသွား​တော့ဘူးအချစ်​..​မောင့်​ရင်​​သွေး​လေးနဲ့အချစ်​ကို
ဂရုစိုက်​မလို့ ပါးတို့ကိုပဲပြန်​လွှဲထားခဲ့တယ်
အချစ်​လိုချင်​တာရှိရင်​ ​မောင့်​ကို​ပြော​နော်​.."

"အင်းပါ​မောင်​ရဲ့..ငါ့ဗိုက်​ကခုမှ
ရှိ​တောင်​မရှိ​သေးတာကို.အဲ့​လောက်​မလိုပါဘူး.."

"ဘာဖြစ်​ဖြစ်​​ပေါ့အချစ်​ရယ်
ယောကျာ်း​လေးကိုယ်​ဝန်​​ဆောင်​ဆိုတာ
ဂရုစိုက်​​ပေးရမယ်​​လေ သူတို့က မိန်းက​လေးနဲ့မတူကြဘူး
ပြီး​တော့ကိုယ်​ရှီးချန်​​ကောကို.
ဖုန်းဆက်​​မေးဦးမယ်
.ကိုယ်​ဝန်​​ဆောင်​အတွက်​ဘာ​တွေလိုအပ်​လည်းဆိုတာ
..ကြာပါတယ်​ ​မောင်​အခုပဲ ဖုန်းဆက်​ကြည့်​မယ်​.
.အချစ်​ထိုင်​​နေ​နော်​ ခဏ​လေးပဲ...."

အရမ်း​ပျော်​​နေတဲ့​မောင်​က မပူ​သေးတဲ့သူ့ဗိုက်​​လေးကို
ဖွဖွ​လေးကိုင်​ပြီး ပြာယာခက်​​နေရှာသည်
..ချက်​ချင်းဆိုသလိုပဲ.ဖုန်း​သွား​ပြော​နေသည့်​​မောင်
.​သူကအရင်​ကတည်းကအလုပ်​နဲ့လက်​မပြက်​သူမို့.
ခုလည်းထိုင်​မ​နေချင်​ ခြံထဲမှာ
.သူမရှိတဲ့တစ်​ရက်​အတွင်း
ပန်း​တွေညိုး​နေတာသူ​တွေ့ခဲ့သည်
မောင်​မ​မြင်​တုန်း​လေး သူခြံထဲဆင်းပြီး
အပင်​​တွေနည်းနည်းပြုပြင်​ရဦးမယ်

လေနှင်​ရာက အချစ်​ဆီသာ(complete)Where stories live. Discover now