part13☕

11.3K 880 19
                                    

"အချစ်​ ဒီ​နေ့ဆိုင်​မထွက်​ဘူးလား.."

မနက်​အိပ်​ရာထ​တော့ အချစ်​ကဆိုင်​သွားဖို့မပြင်​ဆင်​ဘဲ
မီးဖို​ချောင်မှာ ဘာ​တွေချက်​ပြုတ်​​နေမှန်းမသိလို့
ဘေးနားမှာသွား​မေးလိုက်​သည်
ဆံပင်​​လေးကိုလည်းထိပ်​မှာကြက်​​တောင်​စီးထား​သေးသည်
ချည်​သားအကျီ င်္​နဲ့​ဘောင်းဘီပွပွ​လေးကိုဝတ်​ဆင်​ထားသည်

"ငါက နှစ်​ပတ်​ကို တစ်​ရက်​​လောက်​ဆိုင်​ပိတ်​တတ်​တယ်
ဒီ​နေ့ကငါ့ရဲ့နားချိန်​ပဲ
မင်းလည်းသွားချင်​ရာသွား ငါ့ကိုမရှုပ်​နဲ့.."

"မသွားပါဘူး..အချစ်​နဲ့အချိန်​ကုန်​မှာ​ပေါ့..
ခုဘာ​တွေချက်​​နေတာလည်း ကိုယ့်​အတွက်​လည်းပါလား.."

"မပါဘူး..သူများအိမ်​မှာလည်း​နေ​သေးတယ်
ချက်​လည်း​ကျွေးရဦးမယ်​ဆို​တော့ မင်းကငါ့လင်​မို့လား.."

"ဟုတ်​တယ်​​လေ အချစ်​ရဲ့ ကိုယ်​က
အချစ်​လင်​ပဲဟာ..အ့.အချစ်​.. "

အမှန်​​တွေ​ပြော​တော့
ဘေးနားကအိုးဖုန်းနဲ့လှမ်း​ခေါက်​တဲ့အချစ်
အမှန်​တရားကိုလက်​မခံချင်​ဘူး
ပါးတို့ပြန်​လာရင်​ အချစ်​ကိုသူလာ​တောင်းမယ်
ပြီးရင်​ခမ်းခမ်းနားနားလက်​ထက်​မယ်​လို့​တွေးထားသည်
ဒါ​ပေမဲ့ အချစ်​ကသူ့ကိုချစ်​တယ်​လို့မ​ပြော​သေး

"အချစ်​ ကိုယ့်​ကိုအ​ဖြေ​ပေးဦး​လေ
အချစ်​ကိုချစ်​တယ်​လို့​ပြောထားတာ ကြာ​နေပြီ​နော်​.."

စားစရာ​တွေကိုပန်းကန်​ထဲလှဲပြီး
စားပွဲ​ပေါ်တင်​​နေတဲ့ အချစ်​ကိုကပ်​​မေးလိုက်​သည်

"မချစ်​ဘူး..မင်းကငါ့ကိုတန်​ဖိုးမထားဘူး
လုပ်​ချင်​ရာလုပ်​တာမချစ်​ဘူး.."

တစ်​​ယောက်​တည်းထိုင်​စား​နေတဲ့သူ့အချစ်​ ရက်​စက်​လိုက်​တာ
မချစ်​ဘူးတဲ့လား ဒါ​ပေမဲ့ အချစ်​မျက်​လုံး​တွေထဲမှာ
သူ့ကိုမမုန်းဘူးဆိုတာ​တော့ သူသိသည်
မချစ်​ရဲ​သေးတာဖြစ်​မယ်
ရိ​ပေါ်စိတ်​ရှည်​ပြီး​စောင့်​ရမှာ​ပေါ့

"နည်းနည်းစားမယ်​​နော်
အချစ်​တစ်​​ယောက်​တည်းလည်းကုန်​မှာမှမဟုတ်​တာ.."

လေနှင်​ရာက အချစ်​ဆီသာ(complete)Tahanan ng mga kuwento. Tumuklas ngayon