part37☕

7.9K 581 19
                                    


နေ့လယ်​ခင်း​လေးမှာ.
ရီ​မောသံ​လေး​တွေနဲ့ကြည်​နူး​နေသည့်
ကမ္ဘ​မြေ​ပေါ်ကအိမ်​တအိမ်​....
ဧည့်​ခန်းအတွင်းမှာ​တော့ ဗိုက်​ကြီးသည်​​လေးကို
.​ဘေးနားက​နေ ​နေကြာ​စေ့ခွာ​ပေးပြီးခွံ့​ကျွေး​နေသည့်
ကောင်​​လေး သူ့​ရှေ့ကလူကြီးတစ်​​ယောက်​​တော့
သားနဲ့သားမက်​ကိုကြည့်​ပြီးတပြုံးပြုံး.
.မီးဖိုခန်းမှာ​တော့ အမျိုးသမီးတစ်​ဦးက
သားမက်​​လေးအတွက်​ မုန့်​ချို​တွေပြင်​ဆင်​​နေသည်

"ဟဲ့..ရိ​ပေါ် ဗိုက်​ကြီးသည်​ကို​နေကြာ​စေ့မ​​ကျွေးရဘူး​လေ
သွေး​ပေါင်​​တွေကျကုန်​​တော့မှာပဲ
.ဗိုက်​ကြီးသည်​ကလည်း​နေကြာ​စေ့​တွေမစားနဲ့
ဒီမှာ​မေ​မေ.မုန့်​ချို​တွေယူလာတယ်
ား​တွေပဲစား အားရှိတယ်​..."

ရိ​ပေါ်ရဲ့အ​မေမှာ မုန့်​ချိုပန်းကန်​နှစ်​နဲ့
အိမ်​​ရှေ့ပြန်​လာ​တော့ တစ်​ယောက်​ကလည်
း​နေကြာ​စေ့​တွေခွာ​ကျွေးပြီး
တစ်​​ယောက်​ကလည်း ပြုံးပြုံးကြီးနဲ့ တမြုံမြုံဝါး​နေသည်
ဟိုအဖိုးကြီးကလည်း
မ​ပြောပဲ ထိုင်​ကြည့်​​နေတယ်​ တကယ်​ပါပဲ..

"အ​မေ အချစ်​က​နေကြာ​စေ့စားချင်​တယ်​ဆိုလို့
ကျွန်​​တော်​​ကျွေး​နေတာ ဗိုက်​ကြီးသည်​စားချင်​တာစားပါ​စေ.."

"​အေး​လေ မိန်းမရယ်​ မင်းမလည်း​နော်​..
သူစိတ်​ကြိုက်​စားပါ​စေကွာ.."

ခုမှအတိုင်​​ဖောက်​ညီ​နေသည့်​ သားအ​ဖနှစ်​​ယောက်​.

"မရဘူး..ဗိုက်​ကြီးသည်​က
မွေးခါနီးဖွားခါနီး​လေဟယ်​..မစားရပါ...ပါ.."

"အ့!..​မောင်​!..​မောင်​.."

သားမိသားဖသုံး​ယောက်​စကားများ​နေတုန်း
.ထ​အော်​တဲ့အချစ်​​ကြောင့်​ အကုန်​လုံးပြာယာခက်​သွားသည်

"သား​လေး သား​လေး ဘာဖြစ်​တာလည်း "

"အချစ်​ ဗိုက်​နာပြီလား.​မောင်​..​မောင်​ ဘာလုပ်​ရမလည်း."

"ရိ​ပေါ် သားမက်​​လေးကိုချီခဲ့ ​!!
အ​ဖေကအပြင်​မှာကားစက်​နိုးပြီး​စောင့်​​နေမယ်​!!.."

လေနှင်​ရာက အချစ်​ဆီသာ(complete)Where stories live. Discover now