part22☕

10K 773 36
                                    

ခုဆိုရင်​ သူတို့လက်​ထက်​ပြီးတာ၁လ​ကျော်​ပြီ
ဟောက်​ရွှမ်းတို့အတွဲလည်း အဆင်​​ပြေသွားကြသလို
ကျန်းချန်​တို့လည်းလက်​ထက်​သွားကြပြီ

အချစ်​က​တော့ အရင်​နဲ့ မတူပဲ ချွဲတတ်​လာသည်
ကော်​ဖီဆိုင်​​လေးကို လူငှါးပြီး လုပ်​ထားသည်
တကယ်​​တော့ အချစ်​ကိုဆိုင်​မထိုင်​​စေချင်​လို့
အားလုံးကိုသူပဲစီစဉ်​ပြီး အချစ်​ကို အိမ်​မှာသာ​နေ​စေသည်

သူက​တော့ ပါးရဲ့အလုပ်​မှာဝင်​လုပ်​​နေပြီမို့
အချစ်​ကို အရင်​လိုအလုပ်​မလုပ်​​စေချင်​ဘူး
အိမ်​မှာပဲပိုး​မွေးသလို​မွေးထားသည်
တစ်​ခါတ​လေ အချစ်​ကအလုပ်​ကိုလည်းလိုက်​လာပြီး
သူ့ကိုဝိုင်းကူသည်

ခုလည်းအလုပ်​မှာ သူကစာရင်း​တွေပြန်​စစ်​ရင်း
ထုတ်​ကုန်​ ဒီဇိုင်း​တွေကိုလည်း ပြန်​ညှိရ​သေးသည်
အချစ်​က​တော့ သူကိုယ်​တိုင်​​ဖျော်​​ပေးထားတဲ့
black​ကော်​ဖီခါးခါး​လေးနဲ့ ​ပေါင်​မုန့်​​တွေ
ကိတ်​​တွေအစုံနဲ့သာယာ​နေသည်

ကော်​ဖီ​လေးကို​သောက်​လိုက်​ ​ပေါင်​မုန့်​​လေးဝါးလိုက်​နဲ့
ပါး​ဖောင်း​ဖောင်း​လေးကပို​ဖောင်းလာသည်
တစ်​ခါတစ်​​လေ  ဘာ​တွေသ​ဘောကျမှန်းမသိ
ထထရီတတ်​​သေးတာ

အလုပ်​လုပ်​​နေရတဲ့ ရိ​ပေါ်မှာ
အချစ်​တစ်​ခါရီလိုက်​တိုင်း စာရင်း​တွေမှားလို
့ပြန်​လုပ်​ရ​ပေါင်းမနည်း အချစ်​အပြုံး​တွေက
မရိုးသွား​အောင်​ကိုလှတာ

"အချစ်​..ဘာ​တွေသ​ဘောကျ​နေတာလည်း.."

မ​နေနိုင်​​တော့ရိ​ပေါ်မှာ အလုပ်​​တွေပစ်​ထားခဲ့ပြီးအချစ်​ရဲ့ အနားကို​ရောက်​လာရသည်
သူ​ရောက်​လာတာနဲ့ သူ့​ပေါ်ကို
တစ်​ကိုယ်​လုံးတတ်​ထိုင်​လာပြီး မှီတဲ့ ​မေး​စေ့​လေးကို
အာဘွားလာ​ပေးတယ်

တကယ်​ကိုပါအချစ်​ကတအားချွဲလာသည်
ဘာလို့ချွဲလာရတာလည်း​မေးရင်
မကြိုက်​ဘူးလားလို့ပြန်​​မေးတတ်​လို့
နောက်​ကိုမ​မေးရဲ​တော့
ဒီလိုအချွဲ​လေးကိုရိ​ပေါ် သ​ဘော​တွေ့လှသည်

လေနှင်​ရာက အချစ်​ဆီသာ(complete)Tempat cerita menjadi hidup. Temukan sekarang