part23☕THE END

11.8K 822 34
                                    

ရှောင်းကျန့်​ မီးဖိုခန်း​လေးအလုပ်​ရှုပ်​​နေသည်
မုန့်​ဖုတ်​တဲ့ဘက်​ကို​ပြေးလိုက်
ဟင်း​လေးအ​ပြေးချက်​လိုက်​ စားပွဲ​ပေါ်မှာလည်း
ဖ​ယောင်းတိုင်​​တွေနဲ့ ​မနက်​ကတည်းက
သွားဝယ်​ထားတဲ့ဝိုင်
ကလည်း ​ဘေးနားမှာရှိ​နေ​သေးသည်​ 

စက်​က​နေ အချက်​​ပေးသံ​လေးကြားမှ
ဖုတ်​ထားတဲ့ကိတ်​​လေးကိုအပြင်​သို့ယူလိုက်​ပြီး
ရှောင်းကျန့်​သ​ဘော​တွေ့​နေသည်

မောင်​က အချိုမကြိုက်​သူမို့
ချောကလက်​ကိတ်​​လေးကိုအခါးဘက်​​ရောက်​​အောင်​လို့
သူဖုတ်​ထားသည်​ ပြီး​တော့
ဖ​ယောင်းတိုင်​​လေးပါကြိုစိုက်​လိုက်​သည်

ကိတ်​​ပေါ်မှာ​တော့ ရိုးရိုးရှင်းရှင်း​လေးပဲ
* ​မောင်​*

ဆိုတဲ့စကားလုံး​လေးကို ​ချောကလက်​အနှစ်​နဲ့ပဲ
ပုံ​ဖော်​လိုက်​သည်

ပြီး​တော့ သူတို့ခြံဝန်း​လေးရဲ့ ​ထောင့်​ကျတဲ့​နေရာ​လေးမှာ
ခင်းထားတဲ့ အခင်းဆီကိုသွားပြီး
ကိတ်​​လေးရယ်​ ဝိုင်​ရယ်​ ဖန်​ခွက်​အကြည်​​လေးရယ်
ဘေးမှာ​တော့ နှင်းဆီ၂ပွင့်​ရယ်
နောက်​​တော့ ထပ်​ချက်​ထား​သေးတဲ့ ဟင်းပွဲသုံး​လေးမျိုး​လောက်​​ရယ်​ အားလုံးအဆင်​​ပြေပြီ 

ရှောင်းကျန့်​ကတလတခါ
သူ့ဆိုင်​​လေးကိုသွားကြည့်​တတ်​သည်​မို့
မ​နေ့ကသွားရင်း ​မောင့်​မားနဲ့​တွေ့ခဲ့သည်
စကားဆက်​မိရာက​နေ ဒီ​နေ့က​မောင့်​​မွေး​နေ့တဲ့
မနက်​ကတည်းက​ရှောင်းကျန့်​စီစဉ်​​နေတာ
ခုဆို​မှောင်​ရီသန်း​နေပြီ

ဒါဆိုင်းဆို ည​နေဆိုတာနဲ့​မောင်​ကပြန်​လာတတ်​သည်
ဘာဖြစ်ဖြစ်​ပါ ခုလိုမျိုး​နောက်​ကျတာလည်း​ကောင်းတာ​ပေါ့
မွေး​နေ့ပွဲက ညဘက်​​လေးလုပ်​ရင်​ပိုလှသည်​မလား

ရှောင်းကျန့်​ လည်း​ရေမိုးချိုးပြီး
အကျီ င်္အဝါပါး​လေးတစ်​ထည်​နဲ့
ဘောင်းဘီအဖြူရှည်​တစ်​ထည်​ကိုဝတ်​လိုက်​သည်

*​မောင်​ပြန်​လာရင်​ အ​မော​ပြေ​အောင်​လို့*

သူ့စကားနဲ့သူပြုံးလိုက်​ပြီး အိမ်​​ရှေ့က
အုတ်​ခုံ​လေးမှာထိုင်​​စောင့်​လိုက်​သည်
မောင်​ကပြန်​လာ​တော့မယ်​မလား

လေနှင်​ရာက အချစ်​ဆီသာ(complete)Where stories live. Discover now