part43☕

7.4K 532 18
                                    

သုံးနှစ်​ခန့်​ကြာ​သော်​...............

"အချစ်​​ရေ ​မောင်​တို့​တွေ​ပြန်​​ရောက်​ပြီ​နော်​.."

ကားကိုရပ်​ပြီးတာနဲ့..စပြီးအသံကြားရပါပြီ
..မီးဖိုခန်းထဲမှာ က​လေး​တွေအတွက်​​ရော
ဟိုအပိုဆုကြီးအတွက်​ပါ
ချက်​ပြုတ်​​နေတဲ့​ရှောင်းကျန့်​ အပြင်​ကိုထွက်​လာခဲ့ရသည်

"ပါပါး​ရေ ရီကျန့်​ ကျန်​လာရီ.."

ထိုမပီတပီ့အသံ​လေးက​တော့၃နှစ်​​ကျော်​ဖြစ်​ပြီဖြစ်​တဲ့
သား​လေးရီကျန့်​...သူ့ကို​တွေ့တာနဲ့.
လွယ်​အိတ်​​သေး​သေး​လေးကိုလွယ်​လို့
ခြေတိုတို​လေး​တွေနဲ့​ပြေးလာသည့်​သား​လေး.
.​ရှောင်းကျန့်​ဒူး​ထောက်​လို့.လက်​ဆန့်​ပြီးကြိုလိုက်​သည်
..ရင်​ခွင်​ထဲကိုတိုးဝင်​လာတဲ့
သား​လေးကချစ်​ဖို့​ကောင်းစွာ..
ပါးကြီး​တွေက ​မောင်​ငယ်​ငယ်
ဓာတ်​ပုံထဲကအတိုင်း​ဖောင်းကားလို့..

"ပါပါး..မီးမီးကို​ရော.ဖက်​​ရေ.."

ဆကပ်​​လေးတကားကားနဲ့
အနားကိုထပ်​​ရောက်​လာသည်​က
သမီး​ငယ်​​လေးမိ​ရှောင်​..သ​ဘော​တော်​ကျ
ရင်​ခွင်​ထဲထည့်​ဖက်​လိုက်​သည်​.
.အ​ရှေ့မှာမတ်​တပ်​ရပ်​​နေသည့်​​မောင်​ကပြုံးစွာနဲ့
ခုဆိုရင်​ သုံးနှစ်​​ကျော်​ပြီဖြစ်​သည့်
သူတို့က​လေး​တွေကို..ကြီးလာရင်​ လူရာဆံ့ပြီး
လူမ​ကြောက်​တတ်​​အောင်
အပြင်​ဗဟုသုတ​လေးလည်းရှိ​အောင်​...
.မူကြိုထား​ပေးထားခြင်းမနက်​၈နာရီ​လောက်
သူနဲ့​မောင်​နဲ့ လိုက်​ပို့​ပေးပြီးည​နေ၃နာရီဆို
မောင်​ကသွားကြို​ပေးသည်
သူက​တော့ အဝတ်​​လျှော်​တာတို့
ထမင်းချက်​တာတို့လုပ်​​နေရသည်​ကို

"ကဲ.ဒီသားဖ​တွေ..အိမ်​ထဲဝင်​ကြစို့.
.အီးယား..မီး​လေးကပါးဆီကိုလာ.."

ရိ​ပေါ်​ပြောရင်းနဲ့ပဲ အချစ်​ရဲ့ရင်​ခွင်​ထဲက
မိ​ရှောင်​​လေးကိုချီလိုက်​သည်
အချစ်​က​တော့ ရီကျန့်​​လေးကိုချီရင်း
အိမ်​ထဲကိုဝင်​ခဲ့ကြသည်​..ထို့​နောက်​မှာ​တော့.
.ဧည့်​ခန်းထဲမှာထိုင်​​နေသည့်​သူတို့​လေး​ယောက်
ရီကျန့်​​လေးနဲ့ မိ​ရှောင်​က​တော့
.ပြန်​​ရောက်​တာနဲ့ မူကြိုမှာဖြစ်​ခဲ့တာကို
ပြန်​​ပြောတတ်​သည်​ နား​ထောင်​​ပေးတာ​တော့
သူတို့ရဲ့တာဝန်​​ပေါ့..

လေနှင်​ရာက အချစ်​ဆီသာ(complete)Where stories live. Discover now