8

24 6 1
                                    

တကယ်ချစ်တဲ့သူက ပြန်လာတယ်တဲ့...။

အဲ့စကားကိုယုံလား

ကျွန်တော်ကတော့ယုံတယ်....။
ကိုယ်သတ်ခဲ့တဲ့သားကောင်
သေမသေပြန်လာကြည့်ချင်းမျိုးမဟုတ်ပဲ
မှားခဲ့တဲ့အမှားတွေက  ဘယ်သူ့အမှား ဖြစ်ဖြစ်
ဘာအတွက်ကြောင့်ပဲ ဖြစ်ဖြစ် တစ်ဘဝလုံးစာ
ဝေးမသွားချင်ဘူး  ဆိုတဲ့ သူက ပြန်လာတယ်. .။

အဲ့လူက . . ကိုယ့်ကိုသူ့ရဲ့အရာအားလုံးထက်ပိုချစ်တဲ့သူပဲ
ကိုယ့်ကိုပြန်ရဖို့ အတွက် သူကြိုးစားလိမ့်မယ် . . . ။
ချစ်တဲ့သူကခွင့်လွှတ်နိုင်တယ်လေ. .သူ့မှာလည်း
သူ့အကြောင်းနဲ့ သူရှိမှာပေါ့ဆိုတဲ့
စိတ်တစ်ခုနဲ့ဘာကိုမဆို  သူခွင့်လွှတ်တယ်..။

အဲ့လိုဆိုတိုင်း..သူမနာကျင်ရတော့ဘူးလား?

သူ့မှာကော . . . ငါ့ကိုထားခဲ့တယ်ဆိုတဲ့စိတ်
အကြောက်တရားမရှိဘူးလား

မဟုတ်ပါဘူး . . . ၊
သူကပိုနာကျင်ခဲ့ရတယ် . . ၊
နောက်တစ်ခါပြန်လာဖို့ကိုသူကပိုကြောက်ခဲ့တယ် . . ။

ဒါပေမဲ့ သူက သူ့ရဲ့အရာအားလုံးထက်ကိုယ့်ကိုပိုချစ်လို့...။
သူ့ရဲ့မာနတွေ ၊သိက္ခာတွေ.. ၊
အကြောက်တရားတွေ အားလုံးက
ကိုယ်နဲ့ဝေးရမှာနဲ့  ယှဉ်ရင်ဘာမှမဟုတ်လို့ . . . ။

ပြန်မလာတဲ့သူတိုင်းလည်း မချစ်တာမဟုတ်ဘူး
ချစ်တိုင်းလည်းမညားဆိုတဲ့စကားကြားဖူးတယ်မလား

လူတွေမှာ  တစ်ခါခံစားပြီးရင် အဲ့ကိစ္စနဲ့ပတ်သက်ပြီး
စိတ်ကဒဏ်ရာရပြီးပြီ။
နောက်တစ်ခါ အတွက်ဆိုတာအင်မတန်
ခက်ခဲသွားတဲ့ကိစ္စပဲ။
ဒါကြောင့်ကျွန်တော်တို့တွေဟာ . . လွှတ်ချခဲ့မိကြတာ

အတိမ်အနက်ကလေးတစ်ခုတော့လိုမယ် . . . ၊
သူချစ်သလို . . ခင်ဗျားကလည်းချစ်တယ်ဆိုတဲ့
ခံစားချက်အခိုင်အမာလေးပေါ့ . . . ၊
ဒါဆိုရင်တော့မခွဲနိုင်တဲ့သူက မျက်စိကိုစုံမှတ်ပြီး
ပြန်လာမှာပဲ။

ခွဲခဲ့ရတယ်ဆိုတာ အကြောင်းအမျိုးမျိုးနဲ့ မဟုတ်လား?

ကိုယ့်ကိုထားခဲ့တိုင်းမချစ်တော့တာမဟုတ်သလို
ဝေးသွားတိုင်း မချစ်တော့တာလည်းမဟုတ်ဘူး။

သေချာတာတော့  တကယ်ချစ်တဲ့သူက
တစ်ခေါက်တော့ ပြန်လာလိမ့်မယ်။
အပြီးတိုင်ဆိုတဲ့ ခိုင်မာတဲ့ဆုံး ဖြတ်ချက်နဲ့ပေါ့။
ကိုယ့်ဘဝထဲမှာတခြားသူရှိနေရင်တောင် . .

သူက
မင်းအဆင်ပြေနေရဲ့လားလို့ လာရပ်ကြည့်ဦးမှာ။
အဲ့အချိန်မှာ
ကျွန်တော်တို့ကမလိုအပ်တော့ရင်လည်း
သူက နှုတ်ဆိတ်နေမှာပဲ။

လူတစ်ယောက်ကို . .
ဒုတိယအကြိမ်အခွင့်အရေးပေးရတာ
လွယ်ကူလိမ့်မယ်ထင်လား....။

ကျွန်တော်ပြောတာယုံပါ..
တကယ်ချစ်တဲ့သူက ပြန်လာတယ် . . .

ဒါပေမဲ့.ခင်ဗျားလည်းသူ့ကို
တကယ်ချစ်တယ်ဆိုတဲ့ စိတ်ရှိဖို့ ခင်ဗျားတို့ ကြားကအတိမ်အနက်ကလေး တစ်ခုတော့လိုမယ်။

တစ်ခုတော့ရှိတယ်. . . . ၊
မခွဲနိုင်လို့ ပြန်လာတာလား..
ဒုတိယအကြိမ်လာသတ်တာလား ဆိုတာတော့
အဲ့လူ ခင်ဗျားအပေါ်လုပ်ခဲ့တဲ့လုပ်ရပ်တွေ ကနေပဲ
ပြန်ဆုံးဖြတ်လို့ရမယ်. . ။

ခင်ဗျားကို အရာအားလုံးထက်ပိုချစ်တဲ့သူက
ဘယ်တော့မှမထားခဲ့ဘူး . . . ၊

ပေါင်းစပ်ရခြင်း / မပေါင်းစပ်ရခြင်းနဲ့မဆိုင်ဘူး။
တကယ်မဖြစ်နိုင် လို့ ဝေးကြရင်တောင် . .

သူကခင်ဗျားအကြောင်းတွေ၊
ခင်ဗျားသတင်းတွေအမြဲနားစွင့်ပြီး
လိုအပ်ချိန်တိုင်းရှိနေပေးမှာ . . . ။

တကယ်ချစ်ရင်
အဲ့အချစ်ကဘယ်တော့ မှ မပျက်ပြယ်သွားဘူး။
ဒါပေမဲ့ . . . တစ်ချို့အချစ်တွေက ဘေးနားမှာဆိုပေမဲ့
တစ်ချို့အချစ်တွေကျ . . ရင်ထဲမှာ . . .

©Nayvel

myday for u ✨Where stories live. Discover now