13

5 2 0
                                    

"ထားခဲ့ရင်နေခဲ့မယ်" တဲ့
ဒီသီချင်းစာသားလေးဟာ ငိုရတယ်

ထားခဲ့တော့လည်း တကယ်ကြီးနေခဲ့ရတာပါပဲ
လမ်းလယ်ခေါင်မှာ
လက်ဖြုတ်ချလည်းကျန်ခဲ့ရတာပါပဲ

နေခဲ့ခိုင်းတဲ့အခါ
မနေချင်လည်းနေရတယ်
မငိုချင်လည်းငိုရတယ်

မလိုသူက တကယ်ကိုမလိုတာ
ပစ်ခဲ့တဲ့အမှိုက်ကလေးဟာ
ပုံးထဲမှာပဲ နေရမယ်မဟုတ်လား

တကယ်တော့ချစ်ပြတယ်ဆိုတာ
ထားခဲ့တဲ့အခါ စနစ်တကျရပ်နေလိုက်ခြင်းပဲ။

ချစ်ရသူက
ထားရင်လည်း နေခဲ့ရမှာပဲ
ချန်ရင်လည်း ကျန်ခဲ့ရမှာပဲ

အဲ့ဒီလို ...
သစ္စာစောင့်သိမှုဟာ ဒီကစတယ်။

စာသား -meldian
photo
crd

myday for u ✨Opowieści tętniące życiem. Odkryj je teraz