10

9 5 0
                                    

အခုနောက်ပိုင်းလူတော်တော်များများက
ချစ်တာနဲ့ ကြိုက်တာ မကွဲကြတော့ဘူး
အထူးသဖြင့် internet ပေါ်တွေမှာပေါ့

ဥပမာ - ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို စိတ်ဝင်စားတယ် ဆိုရင်
cb မှာ စကားသွားပြောမယ် တစ်ရက် နှစ်ရက် အလွန်ဆုံးတစ်ပတ်လောက် ပေါ့
ပီးရင် ချစ်တယ်လို့လွယ်လွယ်ဖွင့်ပြောမယ်

အဲ့ကောင်လေးကို ဘာလို့ချစ်တာလဲ လို့မေးရင် သေချာပါတယ်
ရုပ်ချောလို့ ဘာညာဒါပါပဲ သူ့အတွက်ဒီ့အပြင်အဖြေမရှိပါဘူး ၊

ကောင်မလေးဆီက အဖြေမရရင်လည်း
သူဘားမှဖစ်မာမဟုတ်ပါဘူး ၊ ဘာလို့လည်း ဘာဖစ်လို့လဲဆိုတော့  သူတကယ်မချစ်လို့ပါပဲ

လူတွေတော်တော်များများက ကိုယ်ပျော်ရွှင်ဖို့အတွက်
တစ်စုံတစ်ယောက်ကို အသုံးချလာကြတယ်
ရည်းစားလေးသာရှိရင် ပျော်နိုင်မယ်လို့ထင်လာကြတယ်

ပကာသနတွေကို မက်မောလာကြတယ်
ချောတာလေးမြင်ရင် တွဲချင်လာကြတယ်
ချမ်းသာတာလေးမြင်ရင် ရည်းစားတော်ချင်လာကြတယ်
ကိုယ်ကြိုက်တဲ့ type လေးမြင်ရင် သဘောကျလာကြတယ်

ဒါတွေအားလုံးက ချစ်တာမဟုတ်ပါဘူး
ကိုယ်ကြိုက်ရုံပဲရှိတာပါ အဲ့တာကို
အချစ်လို့ခေါင်းစဉ်တတ်ပီး ပုံကြီးချဲ့ကြတယ်

ဒါဆိုရင် ချစ်တာနဲ့ ကြိုက်တာ ဘယ်လိုခွဲမလဲ?
အဖြေကတော့ ရှင်းပါတယ်

မင်းသူနဲ့ စကားတွေပြောနေရရင် စိတ်ညစ်စရာတွေ မေ့ထားပီး အလိုလိုပျော်နေမယ် (ရယ်စရာမရှိတာတောင် မင်းရဲ့သွားကြီးဖြီးနေမိလိမ့်မယ်)
တစ်လောကလုံးနဲ့လည်း အဆက်အသွယ်ဖြတ်ထားနိုင်တယ်

မနက်ခင်းနိုးလို့မျက်လုံးဖွင့်လိုက်တဲ့ အချိန်မှ စ
ညဘက် အိပ်ခါနီးမျက်လုံးပိတ်လိုက်တဲ့အချိန်ထိ
မင်းအတွေးတွေကို သူက လွှမ်းမိုးထားမယ်
သူ့ပုံလေးတွေ တွေ့ရရင် မင်းကြည်နူးနေမိမယ်

နောက်ဆုံး သူနဲ့အတူရှိနေတဲ့အချိန်တွေမှာ မင်းရဲ့ရင်ခုန်သံတွေက မီးရထားသုံးစင်း တစ်ပြိုင်နက်
မောင်းနေသလိုခံစားနေရမယ် ဆိုရင် သေချာပါတယ် မင်းသူ့ကိုစိတ်မဝင်စားဘူးဆိုရင်တောင်
မင်းရဲ့မသိစိတ်က သူ့ကိုစွဲစွဲလမ်းလမ်းချစ်မိနေပါပီ

"အချစ်စစ်ကိုရှာပါ အချစ်စစ်ကိုပေးပါ တစ်နေ့ကြရင်
အချစ်စစ်တွေ မင်းဆီရောက်လာလိမ့်မယ်....''
မင်းဘက်က ချစ်တာနဲ့ကြိုက်တာကို ခွဲတတ်ပါစေ.....

#crd
(အခုခေတ်လူငယ်တေ ဆင်ခြင်နိုင်ပါစေ ရည်ရွယ်ပါတယ်)

myday for u ✨Where stories live. Discover now